အဓိကအကြောင်းအရာသို့ သွားမည်
x

“လယ်ယာကဏ္ဍအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး”ခေါင်းစဉ်ဖြင့် (၁၅) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

     လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ ဦးတည်ချက် နှင့် မျှော်မှန်းချက်များ ပြည့်စုံ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ အကြား အချိတ် အဆက်မိမိ ဆောင်ရွက်နိုင်ရေး နှင့် လုပ်ငန်းခွင် အတွေ့အကြုံမျာ အပြန်အလှန် ဖလှယ်နိုင်ပြီး ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်နိုင်စေရန် လုပ်ငန်း ကဏ္ဍများအလိုက် ခေါင်းစဉ်များသတ်မှတ်ပြီး လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ လျက်ရှိသည်။

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက (၁၅) ကြိမ်မြောက် ကျင်းပ သည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ကို “လယ်ယာ ကဏ္ဍအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

     စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်း  က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြား ရေးမှူး ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မြင့်အောင် နှင့် ဦးအောင်ခိုင်မိုး ၊ စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးကျော်သူ တို့က လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေ ၏ အရေးပါမှု ၊  ရာသီအလိုက် သီးနှံ စိုက်ပျိုးရေး အတွက် စိုက်ပျိုးရေ ပေးဝေရန် လိုအပ်ချက်များ၊ ရေအရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့မှုနှင့် လယ်ယာကဏ္ဍအပေါ် အကျိုး သက်ရောက်မှု၊ မြန်မာ့ လယ်ယာ ကဏ္ဍ တွင် ရေသွင်းစိုက်ပျိုးရေး ပါဝင်မှု အချိုး နှင့် လက်ရှိ ရေသွင်း စိုက်ပျိုးရေး လုပ်ငန်းများ ၏ အခြေအနေ၊ စိုက်ပျိုးရေ အသုံးချသူ အဖွဲ့ (WUG) စိုက်ပျိုးရေ အသုံးချသူများ အသင်း WUA အဖွဲ့များ ဖွဲ့စည်း၍ ကောင်းမွန်သော ရေအသုံးချမှု အလေ့အထများ လိုအပ်မှုချက်၊ မြန်မာနိုင်ငံ ရှိ ဆည်ရေ သောက် ဧရိယာများ တွင် ရေတစ်ယူနစ်၏ ထုတ်လုပ်မှု စွမ်းအား (Water Productivity)  မြှင့်တင် နိုင်ရန် နည်းလမ်းများ၊ မြန်မာ နိုင်ငံ ၏ ရေအရင်းအမြစ် ကြွယ်ဝမှုနှင့် လက်ရှိအသုံးပြုမှု အခြေအနေ၊ ဆောင်ရွက်ပြီး ရေအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အလယ်ပိုင်း မိုးနည်း ဒေသ တွင် ရရှိနိုင် သမျှသော ရေသယံဇာတ ကို ရပ်ရွာ အခြေပြု စနစ်ဖြင့် စုစည်းသိုလှောင် နိုင်သည့် Rain Water Harvesting စနစ်နှင့် မြေအောက်ရေ ပြန်လည် ဖြည့်ဆည်းခြင်း လုပ်ငန်း များ၊ လက်ရှိကြုံ တွေ့ နေရသည့် ရေခွဲဝေ အသုံး ပြုခြင်း ဆိုင်ရာ အတွေ့ အကြုံများ နှင့် လယ်ယာ ကဏ္ဍ အပေါ်  သက်ရောက် မှု များ၊ မူလရေ အသုံးပြု သည့် ပုံစံနှင့် ရေအသုံးပြု နိုင်သည့် အခွင့်အလမ်းများ ကို လေးစား လိုက်နာရန် လိုအပ်မှု၊ Water Right ကိုတိကျစွာ ပြဌာန်းနိုင်ရန် လိုအပ်မှု နှင့် ကြိုတင် ပြင်ဆင် ထား သင့် သည် များ ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။