အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ  စက်မှုလယ်ယာဦးစီးဌာန၊   အမှတ်( ၈ ) အလတ်စားစက်ပြင်အလုပ်ရုံနှင့်    ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့  ပူးပေါင်း၍  လယ်ယာသုံးစက်ကိရိယာမောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲကို (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့  နံနက် (၁၀:၀၀)၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈)အလတ်စားစက်ပြင်အလုပ်ရုံ-ရွှေညောင်မြို့တွင် ကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင်     ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါ်သဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊    ပြည်နယ်ဦးစီးဌာနမှူး  ဦးကျော်မှ   သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို    တက်ရောက်လာကြသော  တာဝန်ရှိပုဂ္ဂိုလ်များမှ    သင်တန်းတွင်  အသုံးပြုမည့်  လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူသင်တန်းသား(၂၀)ဦး နှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          သင်တန်းကာလမှာ (၃.၁၁.၂၀၂၃) ရက်နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ (၁၅) ရက် ကြာမြင့်မည် ဖြစ်ပြီး အမှတ် (၈) အလတ်စားစက်ပြင်အလုပ်ရုံရှိ သင်တန်းဆရာများမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်/ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာသင်ခန်းစာများကို စာတွေ့ /လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ပါသည်။