အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မတ် ၄ ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - သီရိလင်္ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ၊ နှစ်နိုင်ငံရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများအနေဖြင့် နိုင်ငံတကာပင်လယ်ရေကြောင်း နယ်နိမိတ်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။