အဓိကအကြောင်းအရာသို့ သွားမည်
x

ဘင်းမ်စတက်လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်အောင်မြင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေး (Ambassador Indra Mani Pandey) ကို ယနေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (Action Plan) တွင် ပါဝင်သည့် ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ တိုးမြှင့်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေး အားကောင်းလာစေရေး၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေးစသည့် လုပ်ငန်းအစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။