အဓိကအကြောင်းအရာသို့ သွားမည်
x

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားမြေဥပဒေ ပထမ (မူကြမ်း) အခန်း (၁) မှ (၁၅)အထိ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ယခင်အစည်းအဝေးများတွင် ယာယီသဘောတူအတည်ပြုထားသည့် ဥပဒေမူကြမ်းနှစ်ခုကို စုစည်းပေါင်းစပ်ပြီး ဥပဒေတစ်ရပ်လုံး မူကြမ်းအဖြစ် ပြုစုထားမှုများ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။