စပါးအထွက်နှုန်း ကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း သုတေသနစစ်တမ်းကောက်ယူ
နေပြည်တော် ဩဂုတ် ၆
နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်ရှိ နွေစပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်၍ စပါးအထွက်နှုန်း ကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း သုတေသနစစ်တမ်းကောက်ယူခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတို့၌ စစ်တမ်းကောက်ယူလျက်ရှိသည့် စာရင်းကောက်ဝန်ထမ်းများနှင့် တောင်သူများအားတွေ့ဆုံ၍ ယခုဆောင်ရွက်လျက်ရှိသည့် စပါးအထွက်နှုန်းကွာဟ ချက်များကို စစ်တမ်းကောက်ယူခြင်းသုတေသန သည် စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဟန့်တားချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ ပြဿနာများအပေါ် လူထုအခြေပြုဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဖြေဆိုသူတစ်ဦးချင်းစီ၏ မတူညီသောအခက်အခဲများကို သိရှိနိုင်ရန်လိုအပ်ကြောင်း၊ စာရင်းကောက်ဝန်ထမ်း များနှင့် တောင်သူများပူးပေါင်း၍ သီးနှံပုံစံများ ပြန်လည်တည့်မတ်နိုင်ရေး စနစ်တကျအထူး အလေးထားစီစဉ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်