အဓိကအကြောင်းအရာသို့ သွားမည်
x

လက်ခစားအပ်ကုန်စနစ်ဖြင့် ထုတ်လုပ်ထားသော ကုန်ချောရေထွက်ပစ္စည်းများကို ပြန်လည် တင်ပို့နိုင်ရန်အတွက် ပြန်လည်တင်ပို့လိုင်စင်ဆိုင်ရာထောက်ခံချက်ထုတ်ပေးခြင်း

တင်ပြရန်လိုအပ်မည့်

အထောက်အထားများ

ကုမ္ပဏီ၏ Letter Head ဖြင့်တင်ပြလာသောလျှောက်လွှာ

လုပ်ငန်းစဉ်အဆင့်

(က)  လျှောက်ထားသူသည် တင်ပြရန်လိုအပ်သော အထောက် အထားများနှင့် ဉီးဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ဒါရိုက်တာ လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီ၏ Letter Head ဖြင့် လျှောက်လွှာတို့ကို ညွှန်ကြားရေးမှူးချုပ်ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။

(ခ)    တာဝန်ရှိအရာရှိသည်တင်ပြလာသောအထောက်အထားများ ကို    ပြည့်စုံမှု ရှိ/ မရှိ ကိုစစ်ဆေးမည်။

(ဂ)    ပြည့်စုံခဲ့လျှင် ထောက်ခံချက် ထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးထံသို့ ဆက်လက်တင်ပြသွားမည်။

(ဃ)  ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်၏ လက်မှတ်ကို ရရှိပြီးနောက်၊မူရင်းထောက်ခံချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဉီးစီးဌာနသို့  ပြန်လည်တင်ပို့ လိုင်စင်ထုတ် ပေးနိုင်ရန်အတွက် online မှတစ်ဆင့် ပေးပို့ပြီး၊ မူရင်းနှင့် မိတ္တူကိုလျှောက်ထားသူအား ထုတ်ပေးမည်။

(င)    ထောက်ခံချက်မိတ္တူကို လက်ခံရရှိပြီးနောက် လျှောက်ထားသူသည် ကုန်သွယ်ရေးဉီးစီးဌာနတွင် ပြန်လည်တင်ပို့လိုင်စင် လျှောက်ထား ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်။

(စ)    ပြန်လည်တင်ပို့လိုင်စင်ကို လက်ခံရရှိပြီးနောက်၊ လျှောက်ထားသူ    အနေဖြင့် လက်ခစားအပ်ကုန် စနစ်ဖြင့် ထုတ်လုပ်ထားသော ကုန်ချောရေထွက်ပစ္စည်းများကို ပြန်လည်တင်ပို့နိုင်ရန်အတွက် ငါးလုပ်ငန်းဉီးစီးဌာန၏ တင်ပို့ခြင်းဆိုင်ရာ နည်းလမ်းအတိုင်း  တင်ပို့နိုင်ပါသည်။

ဝန်ဆောင်ခ

မရှိပါ။

ကြာမြင့်ချိန်

တင်ပြလာသော အထောက်အထားများ ပြည့်စုံခဲ့လျှင် ၁ ပတ် အတွင်း ဆောင်ရွက်ပေးပါသည်။

လျှောက်ထားရမည့် နေရာ

ငါးလုပ်ငန်းဦးစီးဌာန

အတည်ပြုလက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တာဝန်ခံအရာရှိမှ လက်မှတ် ရေးထိုးခြင်း