စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာနမှ
အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
ကြော်ငြာ
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် အသုံးပြု ရန်အတွက် အောက်ပါပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့် တင်ဒါများကို တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) ဓါတ်ခွဲခန်းသုံးပစ္စည်း (၁၀)မျိုး
၂။ အိတ်ဖွင့်တင်ဒါများဖွင့်လှစ်ခြင်းကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်းကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်-
(က) တင်ဒါနောက်ဆုံးလက်ခံမည့် - (၉-၅-၂၀၂၂)(၁၅:၃၀)နာရီ
နေ့ရက်၊အချိန်
(ခ) တင်ဒါဖွင့်ဖောက်မည့်နေ့ရက်၊အချိန် - (၁၀-၅- ၂၀၂၂)(၁၀:၀၀)နာရီ
(ဂ) တင်ဒါဖွင့်ဖောက်လက်ခံမည့်နေရာ -ရုံးအမှတ်(၃၆)၊ အစည်းအဝေးခန်းမ
၃။ ပစ္စည်းများ၏ စျေးနှုန်းတင်သွင်းလွှာပုံစံများအား (၂၆-၄-၂၀၂၂) မှ (၅-၅-၂၀၂၂) ရက်နေ့ အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးအမှတ်(၃၆) တွင်ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃-၄၁၈၅၃၁ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ငါးလုပ်ငန်းဦးစီးဌာန