ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
စာအမှတ်၊ စီမံ /တင်ဒါ ( ၁၁၃၆ /၂၀၂၂ )
ရက်စွဲ ၊ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ( ၁၉ ) ရက်
အကြောင်းအရာ။ ကြော်ငြာသင်ပုန်းကပ်၍ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ အကြီးစားမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား စိတ်ပါဝင်စားသော တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် အိတ်ဖွင့် တင်ဒါ တင်သွင်းနိုင်ရန်အတွက် ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
လုပ်ငန်းအမျိုးအစား |
အရေအတွက် |
၁ |
သစ်ဆုံဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂) ထပ် (၁၇၄’ x ၃၈’ x ၁၈’) |
(၁) လုံး |
၂ |
စိုက်ပျိုးရေးပညာပေးဆိုင်ရာဓာတ်ခွဲခန်းများတည်ထောင်ရေး စီမံကိန်း |
(၁) လုံး |
၃ |
ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (C-Type) (၄၄’ x ၄၂’ x ၁၂’) |
(၂) လုံး |
၄ |
ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (B-Type) (၄၆.၆’x၄၀’x၉’) |
(၁) လုံး |
၅ |
ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (A-Type) (၄၆’ x ၄၁’) |
(၁) လုံး |
၆ |
ဉယျာဉ်ခြံသီးနှံပညာဌာန အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၁၂၀’ x ၉၈’) |
(၁) လုံး |
တင်ဒါအဆိုပြုလွှာရောင်းချမည့်နေရာ- လုပ်ငန်းအမျိုးအစားအလိုက် တင်ဒါပုံစံများအား စည်းမျဉ်း စည်းကမ်း၊ အသေးစိတ်အချက်အလက်များနှင့် Specifi- cation များအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ငွေကိုင် ဌာန ဖုန်း (၀၆၇-၃၄၁၆၆၈၆) တွင် ဝယ်ယူရရှိနိုင်ပါသည်။
တင်ဒါပုံစံရောင်းချမည့်နေ့ရက် - (၂၅.၄.၂၀၂၂) မှ (၆.၅.၂၀၂၂) ၊ နေ့လည် (၃:၀၀) နာရီအထိ
တင်ဒါအဆိုပြုလွှာတင်သွင်းရမည့် - (၂.၅.၂၀၂၂) မှ (၆.၅.၂၀၂၂) ၊ ညနေ (၁၆:၀၀) နာရီအထိ
နေ့ရက်နှင့်အချိန်
တင်ဒါအဆိုပြုလွှာတင်သွင်းရမည့် - စီမံရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ရမည့်နေရာ ဖုန်း ၀၆၇-၃၄၁၆၅၁၃
တင်ဒါဖွင့်လှစ်မည့်နေ့ရက်၊ အချိန် - ထပ်မံကြေညာပါမည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်