အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

စာအမှတ်၊ စီမံ /တင်ဒါ ( ၁၁၃၇ /၂၀၂၂ )

ရက်စွဲ ၊ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ( ၁၉ ) ရက်

အကြောင်းအရာ။    အရည်အသွေးစစ်ဆေးရေးအဖွဲ့ ရွေးချယ်နိုင်ရေးအတွက် ကြော်ငြာသင်ပုန်း ကပ်၍ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

          အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ အကြီးစားမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား အရည်အသွေးစစ်ဆေးရေးအဖွဲ့ ရွေးချယ်နိုင်ရေးအတွက် စိတ်ပါဝင်စားသော တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါသည်-

စဉ်

လုပ်ငန်းအမျိုးအစား

အရေအတွက်

ဆရာ/မများအဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂) ထပ် (၂၁၂’ x ၄၀’)

(၁) လုံး

ပါမောက္ခချုပ်ရုံးဟောင်းအကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂) ထပ် (၂၆၄’ x ၄၉’ x ၂၅’)

(၁) လုံး

သစ်ဆုံဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂) ထပ် (၁၇၄’ x ၃၈’ x ၁၈’)

(၁) လုံး

စိုက်ပျိုးရေးပညာပေးဆိုင်ရာဓာတ်ခွဲခန်းများတည်ထောင်ရေး စီမံကိန်း

(၁) လုံး

ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (C-Type) (၄၄’ x ၄၂’ x ၁၂’)

(၂) လုံး

ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (B-Type) (၄၆.၆’x၄၀’x၉’)

(၁) လုံး

ဝန်ထမ်းအိမ်ရာ အကြီးစားမွမ်းမံပြင်ဆင်ခြင်း (A-Type) (၄၆’ x ၄၁’)

(၁) လုံး

ဉယျာဉ်ခြံသီးနှံပညာဌာန အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၁၂၀’ x ၉၈’)

(၁) လုံး

မှတ်ချက်။     တင်ဒါပုံစံ၊ စည်းမျဉ်းစည်းကမ်းများအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ငွေကိုင် ဌာနတွင် (၂၅.၄.၂၀၂၂) ရက်နေ့မှစ၍ (၆.၅.၂၀၂၂)ရက်နေ့အထိ ဝယ်ယူရရှိနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်နှင့်အချိန်     - (၆.၅.၂၀၂၂) ရက်နေ့၊ ညနေ (၁၆:၀၀) နာရီ

အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်             - ထပ်မံကြေညာပေးမည်ဖြစ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်