အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ယခင်အအေးခန်းနှင့်ရေခဲစက်ရုံမြေ(၃.၄၅)ဧကနှင့် ၎င်းမြေပေါ်ရှိအဆောက် အဦတို့အား စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်းနှင့်သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွက်ရန် B.O.T စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာနိုင်ငံပိုင်သတင်းစာများတွင်(EOI)ကြော်ငြာခေါ်ယူခဲ့ပြီး၍ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့  အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါအဆိုပြုလွှာနှင့်စည်းကမ်းချက်များအား တစ်စုံလျှင် ၁၀ဝဝဝိ/- (ကျပ်တစ်သောင်း တိတိ)ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊  ရုံးအမှတ်(၃၆) နေပြည်တော်တွင် ဝယ်ယူနိုင်ပါ သည်။

၃။

တင်ဒါလျှောက်လွှာနှင့်စည်းကမ်းချက်ပုံစံရောင်းချမည့် -

 

(က)

နေ့ရက်

-

(၆-၉-၂၀၂၂)ရက်မှ(၁၆ - ၉ -၂၀၂၂)ရက်အထိ။

 

(ခ )

အချိန်

-

နေ့စဉ်ရုံးဖွင့်ချိန်များတွင်နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

 

(ဂ )

နေရာ

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။

၄။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်  နေရာ           

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊

ပဏ္ဍိတလမ်း၊ နေပြည်တော်။

၅။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရက်/အချိန်

-

(၁၂-၉ -၂၀၂၂)ရက်မှ(၁၉ -  ၉  -၂၀၂၂)ရက်အထိ။

နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

၆။

အိတ်ဖွင့်တင်ဒါဖွင့်မည့်                  

ရက်/အချိန်

-

(၂၂ - ၉ - ၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီ

၇။      တင်ဒါကြော်ငြာအားဝန်ကြီးဌာနWebsite;www.moali.gov.mmတွင်လည်းဖော်ပြပေးထား မည်ဖြစ်ပါသည်။

၈။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက  ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၀၈၄၇၄ , ၀၆၇-၄၁၈၅၃၁တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ