အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊   ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် ၊ မြေတိုင်း အမှတ်(၂/၂)ပေါ်ရှိ တန်(၅၀၀)ဆန့် အအေးခန်းစက်ရုံတည်ဆောက်၍ ငါး/ပုစွန်များပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် မြေ ( ၂.၇၅ )ဧက(၁၁၉၇၉၀စတုရန်းပေ)နှင့် ယင်းမြေပေါ်ရှိ ဆက်စပ်ပစ္စည်းတို့အား BOTစနစ်ဖြင့် ငှားရမ်းလုပ်ကိုင် ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းရှင်/ကုမ္ပဏီများသို့ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါအဆိုပြုလွှာ နှင့်စည်းကမ်းချက်များအားတစ်စုံလျှင်၁၀ဝဝဝိ/-(ကျပ်တစ်သောင်းတိတိ) ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊  ရုံးအမှတ်(၃၆) နေပြည်တော်တွင် ဝယ်ယူနိုင်ပါသည်။

၃။

တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်ပုံစံရောင်းချမည့် -

 

(က)

နေ့ရက်

-

(--၂၀၂၃ ) ရက်မှ( ၁၄--၂၀၂၃ )ရက်အထိ။

 

( )

အချိန်

-

နေ့စဉ်ရုံးဖွင့်ချိန်များတွင်နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

 

( )

နေရာ

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆) ပဏ္ဍိတလမ်း၊ နေပြည်တော်။

၄။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်  နေရာ           

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ် (၃၆)

ပဏ္ဍိတလမ်း၊ နေပြည်တော်။

၅။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရက်/အချိန်

-

(၁၀- ၂ -၂၀၂၃)ရက်နေ့မှ (၁၆ -၂-၂၀၂၃) ရက်အထိ။

နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

၆။

အိတ်ဖွင့်တင်ဒါဖွင့်မည့်                  

ရက်/အချိန်

-

( ၂၃ -- ၂၀၂၃ ) ရက်နေ့ နံနက်(၁၀:၀၀) နာရီ

၇။     တင်ဒါကြော်ငြာအားဝန်ကြီးဌာန Website;www.moali.gov.mm တွင် လည်းဖော်ပြပေးထား မည်ဖြစ်ပါသည်။

၈။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက  ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၀၈၄၇၄၊၀၉-၂၅၄ ၅၅၄ ၃၄၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

                     တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ