အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ နတ်ရေကန်ငါးလုပ်ငန်းစခန်းရှိ မြေ(၁.၃)ဧကနှင့် အဆောက်အဦးများပေါ်တွင် ရေထွက် ပစ္စည်းများ  လဲလှယ်၊ ထုတ်ပိုး ရောဂါစစ်ဆေးခြင်း၊ ဓါတ်ခွဲပေးခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ရန် အတွက် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ရာ  လုပ်ငန်းရှင်/ ကုမ္ပဏီများသို့  အိတ်ဖွင့်တင်ဒါ တင်သွင်း ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စုံလျှင် ၁၀ဝဝဝိ/- (ကျပ် တစ်သောင်း တိတိ) ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် ဝယ်ယူ နိုင်ပါသည်။

၃။

တင်ဒါလျှောက်လွှာနှင့်စည်းကမ်းချက်ပုံစံရောင်းချမည့် -

 

(က)

နေ့ရက်

-

(  ၈ - ၂ -၂၀၂၃)ရက်မှ( ၁၄ - ၂  -၂၀၂၃)ရက်အထိ။

 

(ခ )

အချိန်

-

နေ့စဉ်ရုံးဖွင့်ချိန်များတွင်နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

 

(ဂ )

နေရာ

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။

၄။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်  နေရာ           

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊

ပဏ္ဍိတလမ်း၊ နေပြည်တော်။

၅။

အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရက်/အချိန်

-

( ၁၀ - ၂ -၂၀၂၃)ရက်မှ( ၁၆ -  ၂ -၂၀၂၃)ရက်အထိ။

နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။

၆။

အိတ်ဖွင့်တင်ဒါဖွင့်မည့်                  

ရက်/အချိန်

-

( ၂၃ - ၂ - ၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀) နာရီ

၇။      တင်ဒါကြော်ငြာအားဝန်ကြီးဌာနWebsite;www.moali.gov.mmတွင်လည်းဖော်ပြပေးထား မည်ဖြစ်ပါသည်။

၈။      အသေးစိတ် အချက်အလက်များကို သိရှိလိုပါက  ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၀၈၄၇၄ , ၀၆၇-၄၁၈၅၃၁တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ