အဓိကအကြောင်းအရာသို့ သွားမည်
x

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 

၁။      စိုက်ပျိုးရေးဦးစီးဌာနပိုင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲအင်းမြေဧရိယာ (၃၀၀)ဧက ပေါ်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ရာ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စောင်လျင် (၁၀၀ဝဝိ/-)ကျပ်နှုန်းဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် (၂၅-၉-၂၀၂၃)ရက်မှစ၍ ရုံးချိန်အတွင်း လာရောက်ဝယ်ယူရရှိနိုင်ပါသည်။

၃။      တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ( ၆- ၁၀- ၂၀၂)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။      အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန