အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာ၊ ငါးလုပ်ငန်းဦးစီးဌာန လက်အောက် ရှိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ မြေတိုင်းအမှတ် (၂ / ၂ )ပေါ်ရှိ မြေ ( ၂ ) ဧက ( ၈၇၁၂၀စတုရန်းပေ )နှင့် ယင်းမြေပေါ်ရှိအဆောက်အဦတို့အား တစ်နေ့လျှင် တန်(၂၀)ကျရေခဲမှုန့်လုပ်ငန်းနှင့် ငါး၊ ပုစွန်ပြုပြင်အေးခဲသည့် တန်( ၃၀၀ )ဆန့် အအေးခန်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းရှင် / ကုမ္ပဏီများသို့ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါအဆိုပြုလွှာ နှင့် စည်ကမ်းချက်များအားတစ်စုံလျှင် ၁၀၀၀၀/- (ကျပ်တစ်သောင်းတိတိ) ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ်( ၃၆ )နေပြည်တော်တွင် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်ပုံစံရောင်းချမည့်-
(က)နေ့ရက် - (၄-၁၂-၂၀၂၃)ရက်နေ့မှ(၁၃-၁၀ -၂၀၂၃ ) ရက်နေ့အထိ။
(ခ) အချိန် - နေ့စဉ်ရုံးဖွင့်ချိန်များတွင်နံနက်(၀၉:၃၀) နာရီမှ(၁၅:၃၀)
နာရီထိ။
(ဂ) နေရာ - ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၊ရုံးအမှတ်(၃၆) ၊ ပဏ္ဍိတလမ်း၊
နေပြည်တော်။
၄။ အိတ်ဖွင့်တင်ဒါ - ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၊ ရုံးအမှတ်(၃၆) ၊ပဏ္ဍိတလမ်း၊
တင်သွင်းရမည့်နေရာ နေပြည်တော်။
၅။ အိတ်ဖွင့်တင်ဒါတင် - (၁၂-၁၂-၂၀၂၃)ရက်နေ့မှ(၂၀-၁၂-၂၀၂၃) ရက်နေ့အထိ။ သွင်းရမည့်ရက်/အချိန် (၀၉:၃၀) နာရီမှ (၁၅:၃၀) နာရီထိ။
၆။ အိတ်ဖွင့်တင်ဒါ - (၂၆ - ၁၂ - ၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီ။
ဖွင့်မည့်ရက်/အချိန်
၇။ တင်ဒါကြော်ငြာအားဝန်ကြီးဌာန Website;www.moali,gov.mm တွင်လည်းဖော်ပြ ပေးမည်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ်
၀၆၇ - ၄၀၈၄၇၄၊ ၀၉ -၂၅၄၅၅၄၃၄၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ