အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီးရှိ အောက်ဖော်ပြပါ မွေးမြူရေးခြံ (၂)ခြံတွင် ဝက်နှင့်ကြက်မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့်ဆက်စပ်သော ပြုပြင် မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရန် စိတ်ပါ ဝင်စားသူ ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ်

ခြံ/ စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့်လုပ်ငန်း

၁။

ဘုရားကြီးကြက်မွေးမြူရေးခြံ မြေ

၁၀၁.၉၇

ဝက်နှင့်ကြက် မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့်ဆက်စပ်သော ပြုပြင် မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ

၂။

ဝမ်းဘဲအင်းဝက်မွေးမြူရေးခြံ မြေနှင့် မြေပေါ်ရှိ အဆောက်အဦ (၃)လုံး

၂၂.၄၃

ဝက်နှင့်ကြက် မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့်ဆက်စပ်သော ပြုပြင် မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ

 

၂။       တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စောင်လျှင် (၁၀၀ဝဝိ/-)ကျပ်နှုန်းဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် ရုံးပိတ်ရက်မှအပ ရုံးချိန်အတွင်း လာရောက်ဝယ်ယူရရှိနိုင်ပါသည်။

၃။      တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၁၂- ၁- ၂၀၂)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။      အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန