ငါးလုပ်ငန်းဦးစီးဌာနမှ
အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
ကြော်ငြာ
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန၊ ငါးလုပ်ငန်းသိပ္ပံကျောင်း(တွံတေး)တွင် ဆောင်ရွက်မည့် အောက်ပါ တည်ဆောက်ရေး လုပ်ငန်း (၁)ရပ်အား အိတ်ဖွင့်တင်ဒါများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) ကျောင်းသားအိပ်ဆောင် (၁၇၀'×၃၆'×၂၃') RCC (၂)ထပ် ( ရေ ၊ မီး ၊ မိလ္လာ အပါအဝင် ) Pile Foundation နှင့် ဆင်ဝင် (၁၄'×၁၆') တည်ဆောက်ခြင်း(၁)လုံး
၂။ အိတ်ဖွင့်တင်ဒါများ ဖွင့်လှစ်ခြင်းကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်နေ့ရက် - (၂၃-၄-၂၀၂၄)မှ (၃၀-၄-၂၀၂၄)ထိ
(ခ) တင်ဒါနောက်ဆုံးလက်ခံမည့်နေ့ရက်၊အချိန် - (၇-၅-၂၀၂၄)(၁၅:၃၀)နာရီ
(ဂ) တင်ဒါဖွင့်ဖောက်မည့်နေ့ရက်၊အချိန် - (၁၀-၅-၂၀၂၄)(၁၀:၀၀)နာရီ
(ဃ) တင်ဒါဖွင့်ဖောက်လက်ခံမည့်နေရာ - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊
ရုံးအမှတ်(၃၆)၊ နေပြည်တော်
၃။ တင်ဒါအဆိုပြုလွှာပုံစံများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးအမှတ်(၃၆)တွင် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်(ရုံးပိတ်ရက်မပါ)။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃-၄၁၈၅၃၁ သို့ စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ငါးလုပ်ငန်းဦးစီးဌာန