ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ရွာသာကြီး ဘက်စုံမွေးမြူရေးစခန်းအတွင်းရှိ မြေ(၁၀)ဧကနှင့် ယင်းမြေပေါ်ရှိ တန်(၁၃၀)ဆန့် ကြက်သားထုတ်စက်ရုံနှင့် အအေးခန်းအပါအဝင် အဆောက်အဦများ၊ စက်ပစ္စည်းများအား အောက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်လို သည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်-
စဉ် |
ခြံ/ စက်ရုံအမည် |
ဧက |
ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း |
၁။ |
ရွာသာကြီးဘက်စုံမွေးမြူရေးစခန်း အတွင်းရှိ မြေနှင့် ယင်းမြေပေါ်ရှိ တန်(၁၃၀)ဆန့် ကြက်သားထုတ် စက်ရုံနှင့် အအေးခန်း အပါအဝင် အဆောက်အဦ၊ စက်ပစ္စည်းများ |
၁၀ |
သားငါး သန့်စင်၊ ပြုပြင်၊ မွမ်းမံ၊ အေးခဲ၊ ထုတ်လုပ်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းများ၊
|
၂။ တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် တစ်စောင်လျှင်(၁ဝဝဝဝိ/-)ကျပ်ဖြင့် ရုံးချိန်အတွင်း လာရောက်ဝယ်ယူ နိုင်ပါသည်။
၃။ တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၁၇-၆-၂၀၂၄)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇- ၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန