စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်း ဒေသကြီးရှိ ဒညင်းကုန်းအစာစပ် စက်ရုံမြေ(၇.၉၁၄)ဧကနှင့် မြေပေါ်ရှိအဆောက်အဦ(၁၃)လုံး၊ စက်ပစ္စည်း (၈)မျိုးတို့အား တိရစ္ဆာန်အစာထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများသို့ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် (၅)နှစ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရန် စိတ်ပါ ဝင်စားသူ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများမှ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ် အပ်ပါသည် -
စဉ် |
ခြံ/ စက်ရုံအမည် |
ဧက |
ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း |
၁။ |
ဒညင်းကုန်းအစာစပ်စက်ရုံမြေနှင့်မြေပေါ်ရှိ အဆောက်အဦစက်ပစ္စည်းများ |
၇.၉၁၄ |
တိရစ္ဆာန်အစာထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် |
၂။ တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း (၁)စောင်လျှင့် ကျပ် ၁၀၀၀ဝိ/-နှုန်းဖြင့် လာရောက်ဝယ်ယူရရှိနိုင်ပါသည်။
၃။ တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ( ၂၀- ၆-၂၀၂၄)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန