အဓိကအကြောင်းအရာသို့ သွားမည်
x

ဌာနအကြောင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

လယ်ယာကဏ္ဍမူဝါဒနှင့်လုပ်ငန်းစဉ်များ

 

မြန်မာ့လယ်ယာကဏ္ဍအခြေအနေ

၁။        မြန်မာနိုင်ငံလူဦးရေ၏ ၇၀% သည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိကြပြီး အများစု၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်း ဖြစ်ပါသည်။ တစ်မျိုးသားလုံး၏ ပြည်တွင်း      အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဘိုး(GDP) ၏ ၂၄% ခန့်ကိုလယ်ယာကဏ္ဍမှ ရရှိပြီး  နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍအသွင် ကူးပြောင်းရေးလုပ်ငန်းများကို အကောင် အထည်ဖော်ရန် လယ်ယာကဏ္ဍနှင့် ဆက်နွယ်သော လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည့် တောင်သူ လယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အခြားပါဝင်ပတ်သက်သူများအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်သည့် မူဝါဒများ ရေးဆွဲချမှတ်ရန် လိုအပ်ပါသည်။

၂။         ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်မှုတို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေပြီး အကျိုးဆက်အနေဖြင့် တောင်သူ လယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်စေခြင်းကြောင့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်သည့် စိုက်ပျိုးနည်းစနစ်များ၊ အစိမ်းရောင်အသွင်ကူးပြောင်းရေးနှင့် အစိမ်းရောင် စီးပွားရေး၊ အပြာရောင်စီးပွားရေးတို့နှင့် သက်ဆိုင်သော မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်၍ အခြားသော ကမ္ဘာ့ နိုင်ငံများနှင့် အတူတကွ ပူးပေါင်းပြီး ရေရှည်တည်တံ့သော စားရေရိက္ခာစနစ် အသွင်ကူးပြောင်းရေး ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သစ်တောများကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာ ထိန်းသိမ်း ခြင်း လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ ဆောင်ရွက်မှု အားနည်းခဲ့ခြင်း၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းမှု၊ သဘာဝမြေဩဇာများ သုံးစွဲမှုနည်းပါးခြင်းတို့ကြောင့် မြေဆီလွှာအရည်အသွေး ကျဆင်း ပျက်စီးလာလျက်ရှိပါသည်။ ထို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီခြင်း မရှိခြင်းကြောင့် တောင်သူ လယ်သမားအများစုမှာ ဝင်ငွေနိမ့်ကျပြီး ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို မြင့်တက်စေပါသည်။    သို့ဖြစ်ပါ၍ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝအခြေအနေ မြင့်မားတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင် မာမာ ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၃။        လယ်ယာကဏ္ဍ မူဝါဒများတွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍရှိ အခွင့်အလမ်းများကို ဖော်ထုတ်ပေးခြင်းအားဖြင့် လျင်မြန်စွာ တိုးတက်လျက်ရှိသော ပြည်တွင်းပြည်ပ ဈေးကွက် လိုအပ် ချက်နှင့် ကိုက်ညီသော အရည်အသွေးကောင်း တန်ဖိုးမြင့်  လယ်ယာနှင့် သားငါး ထွက်ကုန်များကို  အမယ် စုံလင်စွာ ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်း များကို ပိုမိုကျယ်ပြန့်လာစေခြင်း၊ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာခြင်းနှင့်အတူ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ ဝင်ငွေပါတိုးတက်လာစေခြင်း၊ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများ ထုတ်လုပ်နိုင်ခြင်း၊ လယ်ယာစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်၍ လယ်ယာနှင့် သားငါးထွက်ကုန် များကို  ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်း၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝ တိုးတက်လာခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု ရေရှည်တည်တံ့ခြင်း၊ လယ်ယာကဏ္ဍ အသွင်ကူးပြောင်းခြင်းစသော  အကျိုးကျေးဇူးများ ရရှိ ဖြစ်ပေါ် လာစေနိုင်ပါသည်။

 

မျှော်မှန်းချက်

၄။        အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  ရေရှည် တည်တံ့သော လယ်ယာ ကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို  အထောက်အကူ ဖြစ်စေရန်။

 

လုပ်ငန်းတာဝန်များ

၅။        ကျေးလက်နေ ပြည်သူများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများအား ခေတ်မီ ဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှုနည်းပညာများ၊ ပြုပြင်ထုပ်ပိုး နည်းလမ်းများ၊ ထောက်ပံ့ ပို့ဆောင် ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ပြည်တွင်းပြည်ပ ဈေးကွက် ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ် ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင် ရေး ဆောင်ရွက်ရန်၊ လယ်ယာသားငါးထွက်ကုန်များဆိုင်ရာ ကမ္ဘာ့တန်ဖိုးကွင်းဆက်သို့ ချိတ်ဆက်နိုင် ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားစေရန်။

 

ပန်းတိုင်

၆။        ပန်းတိုင်မှာအောက်ပါအတိုင်းဖြစ်ပါသည်

(က)     စားရေရိက္ခာဖူလုံမှု အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းမှု တိုးတက်စေရေး။

()       ပြောင်းလဲလာသော ဈေးကွက်နှင့်အညီ ဒေသအလိုက် ရေမြေ၊ ရာသီဥတု တို့နှင့် ကိုက်ညီသည့် အမယ်စုံလင်သော လယ်ယာ၊ သားငါးထွက်ကုန်များ ထုတ်လုပ်မှုပုံစံ တိုးမြင့်လာစေရေး။

()       စျေးကွက်လိုအပ်ချက်နှင့်အညီ လယ်ယာသားငါးထုတ်ကုန်များ၏ အရည်အသွေး နှင့် စံချိန်စံညွှန်းများ ပြည့်မီစေရေး။

()     လယ်ယာသားငါးထွက်ကုန် ဈေးကွက်နှင့် ဈေးနှုန်းသတင်း အချက်အလက် ဖြန့်ဝေ မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး။

()       တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး။

()       မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သားငါး မျိုးကောင်းမျိုးသန့် မွေးမြူ ထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများ ထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေး။

(ဆ)     သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေး။

(ဇ)       ရေရရှိရေးနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရေသွင်းစိုက်ဧရိယာ ပိုမိုတိုးတက်စေ ရေး။

 

ရည်မှန်းချက်များ

၇။        ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က)     ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ပါ ရည်မှန်းချက် (၁)၊ (၂)၊ (၁၂)၊ (၁၃)၊ (၁၄) ပြည့်ဝလာစေရန်။

()      တောင်သူလယ်သမားများ၏ အခွင့်အရေး ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုး စီးပွား မြင့်မားလာစေရန်။

()       လုပ်ကွက်ငယ်တောင်သူ လယ်သမားများ၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများနှင့် ရေလုပ်သားများမှ အတွေးသစ်အမြင်သစ်များဖြင့် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်း များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရန်။

()     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ် သောနည်းပညာနှင့် ငွေကြေးအရင်းအနှီးများအတွက် ပြည်တွင်းပြည်ပမှအကူအညီ၊ အထောက်အပံ့နှင့် ချေးငွေများရရှိရေး ကူညီဆောင်ရွက်ပေးရန်။

(င)       လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး အားပေးဆောင်ရွက်ရန်။

(စ)       ပြည်ပဈေးကွက်ဝင် အရည်အသွေးမြင့် လယ်ယာ၊ သားငါး ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်ရန်။

(ဆ)     တန်ဖိုးကွင်းဆက် တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် စားသုံးမှုကဏ္ဍများကို ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက် သွားရန်။

(ဇ)       ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရေရှည်တည်တံ့သော လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အစိုးရ အဖွဲ့အစည်း များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်သွားရန်။

(ဈ)      တိရစ္ဆာန်ကောင်ရေအရင်းအမြစ်များ မပြုန်းတီးစေရေးနှင့် တိုးပွားစေရေးအတွက် ဒေသရေမြေရာသီဥတုတို့နှင့် ကိုက်ညီသည့် မျိုးဗီဇရှိတိရစ္ဆာန်များအား ပိုမိုထုတ် လုပ်မှုကောင်းသော မျိုးများဖြင့်သားစပ်မျိုးမြှင့်၍ ဖော်ထုတ်ထိန်းသိမ်းမွေးမြူရန်။

(ည)     တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်ရန်နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သွယ်ဖက် နိုင်ငံများ၏ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိစေရန်။

 

မူဝါဒများ

၈။        လယ်ယာကဏ္ဍမူဝါဒသည် ပြည်သူလူထုအားလုံး စားရေရိက္ခာနှင့် အာဟာရဖူလုံမှုရ ရှိစေ ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ကွက်ငယ် တောင်သူလယ်သမားများအနေဖြင့် ထုတ်လုပ်နိုင်မှု စွမ်းအားမြင့်မားပြီး ဈေးကွက်၏ လိုအပ်ချက်နှင့်အညီ ထုတ်ကုန်ပစ္စည်း အမယ်စုံအောင် ထုတ်လုပ် ပေးနိုင်ခြင်းဖြင့် ဝင်ငွေမြင့်မားလာစေရေးနှင့် ပုဂ္ဂလိက လယ်ယာစီးပွားရေးလုပ်ငန်းကဏ္ဍ၏ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်ပြီး ပြည်ပပို့ကုန်တိုးမြင့် တင်ပို့နိုင်ရေးတို့ကို အထောက်အကူပြုရန် အရေးကြီး ပါသည်။

၉။        မူဝါဒများသည် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၏  ထုတ်လုပ်ရေးကွင်းဆက် တစ်လျှောက် တွင်ပါဝင်သော စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြုပြင်ထုတ်ပိုးသူများ၊ ရောင်းဝယ်ဖောက်ကားသူများ၊  စားသုံးသူများစသည့် နှီးနွယ် ဆက်စပ်နေသူများ အားလုံးအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့်အတူ အခြေခံ အဆောက်အအုံများ၊ ဝန်ဆောင်မှုများနှင့် ပြည်တွင်းပြည်ပ ရင်းနှီမြှုပ်နှံမှုများ တိုးတက်လာစေရေးကို အထောက်အကူပြုရန် ဖြစ်ပါသည်။  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ် အနည်းဆုံး ဖြစ်စေ ရေး၊ အများပါဝင်နိုင်စေရေးတို့ကို အားပေးသည့် ဥပဒေပြဋ္ဌာန်းခြင်းနှင့် မူဘောင်များကို ရေးဆွဲ ဆောင် ရွက်ခြင်းဖြင့် ရေ၊ မြေနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ  အသုံးချနိုင်မည် ဖြစ်ပါသည်။  

၁၀။      မူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)     မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ

            ()       ရေအရင်းအမြစ် အသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ

            ()       ချေးငွေနှင့် ထောက်ပံ့ငွေ ရရှိရေးဆိုင်ရာ မူဝါဒ

            ()     စက်မှုလယ်ယာ နှင့် သွင်းအားစုများ ဆိုင်ရာ မူဝါဒ

            ()       သုတေသန၊ ဖွံ့ဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒ

(စ)       နိုင်ငံတကာနှင့် လယ်ယာသားငါးထွက်ကုန်များ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေ ရေးနှင့် သက်ဆိုင်သည့် မူဝါဒ

(ဆ)     အုပ်ချုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနအဖွဲ့အစည်းများ ဆိုင်ရာ မူဝါဒ

(ဇ)       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက် ရေးနှင့် သီးနှံအကြွင်းအကျန်များ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ

            (ဈ)      မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ  

 

(က)      မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ

 

()     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သော တောင်သူလယ်သမား တိုင်းသည် တည်ဆဲလယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ       လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ကို လွှဲပြောင်း ရောင်းချ၊         ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်း၊ အမွေဆက်ခံခွင့်များရရှိစေရန် ဆောင်ရွက်သွားမည်။

()       ဥပဒေများနှင့်အညီ ရေချိုရေငန်ငါး ဖမ်းဆီးထုတ်လုပ်မှုများ စနစ်တကျရှိ စေရေး ဆောင်ရွက်သွားမည်။

()       လယ်ယာ၊ သားငါး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး အထူးဇုန်များ တည်ထောင် ဆောင်ရွက်သွားမည်။

()       တောင်သူလယ်သမားများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ရရှိထားသော မြေယာတွင် ၎င်းတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းသော စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ရွေးချယ်လုပ်ကိုင်ခွင့် ရရှိစေရန် ဆောင်ရွက်သွားမည်။

(၅)       တောင်သူလယ်သမားအစုအဖွဲ့များ၊ မွေးမြူသူအစုအဖွဲ့များ၊ စိုက်ပျိုးရေ အသုံးပြုသူတောင်သူများ အစုအဖွဲ့နှင့် သမဝါယမအသင်းများ ဖွဲ့စည်း တည်ထောင်ပြီး မြေယာများကိုစနစ်တကျဖော်ထုတ် အသုံးချခြင်းနှင့် စီမံ ခန့်ခွဲမှုလုပ်ငန်းများ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ရန် အားပေးကူညီဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများ၊ အထူးသဖြင့် လုပ်ကွက် ငယ်တောင်သူများနှင့် လယ်မဲ့ယာမဲ့ဖြစ်ပြီး အရင်းအနှီးချို့တဲ့သည့် လယ်ယာလုပ်သားများအတွက် မြေယာလုပ်ပိုင်ခွင့်ရရှိရန် မြေယာသစ်များ ဖော်ထုတ်ပြီး ကူညီဆောင် ရွက်သွားမည်။

()       လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခြင်းကို အမျိုးသား မြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်သွားမည်

(၈)       လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်း၊ သတင်းအချက် အလက်များ၊ မြေပုံနှင့် မြေစာရင်းမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုနှင့် စာရင်းထုတ်ပြန်မှုကို ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။

 

           

()       ရေအရင်းအမြစ် အသုံးချမှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ         

(၁)       နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရေအရင်းအမြစ် များအား အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရန်ဆောင်ရွက်သွားမည်။

(၂)   စိုက်ပျိုးရေးကဏ္ဍနှင့်ဒေသစိမ်းလန်းစိုပြည်ရေးတို့အတွက် ရေအရင်းအမြစ် များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ ထုတ်ယူသုံးစွဲနိုင်ရန် စီမံ ဆောင်ရွက်သွားမည်။

(၃)       ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများဆောင်ရွက်သွားမည်။

(၄)      ရေအရင်းအမြစ်များအသုံးချမှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအပြင် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်မည့် အစီအမံများကိုဆောင်ရွက်သွား မည်။

(၅)       ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်၊ နည်းပညာများနှင့် အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေး ဆောင်ရွက်သွားမည်။

(၆)       ဒေသအလိုက်စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာ ရယူသုံးစွဲနိုင်ရန် "ရေအသုံးချသူများအဖွဲ့" ဖွဲ့စည်းဆောင်ရွက်သွားမည်။

 

()       ချေးငွေနှင့် ထောက်ပံ့ငွေ ရရှိရေးဆိုင်ရာ မူဝါဒ

(၁)       စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အကျိုးတူ လယ်ယာစနစ်များ ဆောင် ရွက်ရာတွင်လိုအပ်သည့် ငွေကြေးအရင်းအနှီး၊ ချေးငွေအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် သွင်းအားစုများ ရရှိစေရန် ကူညီဆောင်ရွက်ပေးမည်။

(၂)        လယ်ယာထွက်ကုန်များ၏ တန်ဖိုးကွင်းဆက် ချေးငွေ အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်။

(၃)       စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရင်းအနှီးများသာမက နည်းပညာ များရရှိစေရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုး ဖောက်နိုင်စေရန် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုများ တိုးတက်ရရှိလာစေရေးကို“နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုဥပဒေ (FDI Law) နှင့်အညီ” ဦးစားပေး ဆောင်ရွက်သွားမည်။

 

()      စက်မှုလယ်ယာ နှင့် သွင်းအားစုများ ဆိုင်ရာ မူဝါဒ

           

()       မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံးစက် ကိရိယာများနှင့် လယ်ယာကဏ္ဍအတွက် အကျိုးရှိ အထောက် အကူဖြစ်စေမည့် အခြေခံစက်ကိရိယာများကို ပိုမိုသုံးစွဲလာ နိုင်ရေး နှင့် ခေတ်မီစက်မှုလယ်ယာစနစ်ကို အချိတ်အဆက်မိမိ ကူးပြောင်း ဆောင်ရွက်နိုင်ရန် အားပေးကူညီ ဆောင်ရွက်သွားမည်။

()       အရည်အသွေးမြင့် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန် အသုံးပြုစက်ကိရိယာများ၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ် လုပ်သည့် စက်ကိရိယာများ အပါအ၀င် လယ်ယာသုံးစက် ကိရိယာများကို အပြည့်အဝသုံးစွဲနိုင်ရေး အားပေးကူညီ ဆောင်ရွက်သွားမည်။

()       နိုင်ငံတကာ စံချိန်စံညွှန်းမီ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အခြားစိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသုံးအဆောင်များနှင့် ရောဂါ ကာကွယ်ဆေးများ၊ ဆေးဝါးများ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် လိုအပ် သော ဥပဒေများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ပြဌာန်းပေးခြင်းနှင့် ပြဌာန်းထားသော ဥပဒေများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်။

(၄)       နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်၍ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ရရှိစေရန် လိုအပ်သော အခြေခံ အဆောက်အအုံများ ထူထောင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက် သွားမည်။

()       စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ထုတ်လုပ်မှုနှင့် အရည်အသွေး မြင့်မားရေးအတွက် မျိုးကောင်း မျိုးသန့် သီးနှံမျိုးစေ့များ၊ တိရစ္ဆာန်နှင့် ငါး မျိုးများ  ရရှိအသုံးပြုနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်။

            ()       သုတေသန၊ ဖွံ့ဖြိုးမှုနှင့် နည်းပညာ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒ

           

()       ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ခေတ်မီ နည်းပညာများပြန့်ပွားရေးကို တိုးမြင့်‌ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ပါဝင်လာစေရေး အားပေးဆောင်ရွက်မည်။

()       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် ခေတ်မီ နည်းပညာများ အပြန်အလှန် ဖလှယ် ရရှိနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။

(၃)       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ နည်းပညာများ ရေရှည် ဖွံ့ဖြိုးရေးအတွက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ (ISTA, ISO) ရရှိနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ခေတ်မီဓာတ်ခန်းခွဲသုံးကိရိယာများ ခေတ်နှင့်အညီ တပ်ဆင်ခြင်းများ ဆောင်ရွက်သွားမည်။

()       မျိုးဗီဇအရင်းအမြစ်များထိန်းသိမ်းခြင်းနှင့် မျိုးဗီဇများ မူပိုင်ခွင့် မှတ်ပုံတင် ခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသည့် သီးနှံ အထွက် ကောင်း မျိုးကောင်းမျိုးသန့်များထုတ်လုပ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်း ခြင်း၊ ရာသီဥတုနှင့် ရောဂါဒဏ်ခံနိုင်သော ငါး တိရစ္ဆာန် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို အားပေး ဆောင်ရွက်သွားမည်။

()       မျိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို သက်ဆိုင်ရာ ဌာန များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။[U1] 

()      တောင်သူလယ်သမားများ၊ မွေးမြူသူများနှင့် ရေလုပ်သားများအား ပညာ ပေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးမြှင့်ဆောင်ရွက်သွားမည်။

()       အမျိုးသားအဆင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သုတေသန စနစ် တည်ထောင်ပြီး ကဏ္ဍအလိုက် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်။

()       နိုင်ငံတကာနှင့် လယ်ယာသားငါးထွက်ကုန်များ ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးနှင့် သက်ဆိုင်သည့် မူဝါဒ

 

()       စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ဈေးကွက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေး စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊ ဈေးနှုန်းနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း တို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူသူများ ဝင်ငွေတိုးမြင့်ရေး၊ ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံး မှုများ လျော့ပါးစေရေးတို့အတွက် ကုန်ကြမ်းများတင်ပို့မှုမှ တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများကို အားပေး ဆောင်ရွက်သွားမည်။

()       ကုန်သွယ်ဖက်နိုင်ငံ အစိုးရအချင်းချင်း သဘောတူညီမှုများ ရယူခြင်း၊ ပြည်တွင်းနှင့်ပြည်ပဈေးကွက်ဆိုင်ရာ သတင်းအချက်လက်များ ကောက်ယူ စုဆောင်း ဖြန့်ဖြူးပေးခြင်း၊ လိုအပ်သည့် ထောက်ခံချက်များအား ခေတ်မီ ဆက်သွယ်ရေး နည်းပညာများ အသုံးပြု၍ ထုတ်ပေးခြင်းတို့ကို အားပေး ဆောင်ရွက်သွားမည်။

()      အုပ်ချုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဌာနအဖွဲ့အစည်းများ ဆိုင်ရာ မူဝါဒ                                                                                                                                   

()       မူဝါဒများရေးဆွဲခြင်းနှင့် လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင် ရွက်ခြင်းကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်ဆင့် တို့တွင်ရှိသော ဌာနအချင်းချင်းသော်လည်းကောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်း များနှင့်သော်လည်းကောင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရာတွင် ထိရောက် အောင်မြင်မှုရှိစေရန် လိုအပ်သည့် အဖွဲ့ အစည်းများ အသစ်ဖွဲ့စည်းခြင်း၊ ရှိပြီးအဖွဲ့အစည်းများကို ပြောင်းလဲ ဖွဲ့စည်း ခြင်းနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစွမ်း ဆောင်ရည် များကို မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်သွားမည်။

()       လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ အဆင့်မြင့် ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရေး တို့အပြင် လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင်သင်တန်းများ တိုးမြှင့် ဆောင်ရွက်သွားမည်။

()       စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ဝန်ဆောင်မှုကို ရှေးရှုသည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုယန္တရား တိုး တက် ဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည်။

()       ကဏ္ဍအလိုက် ပညာရှင်များ မွေးထုတ်ကာ သက်ဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာ တာဝန်ပေးဆောင်ရွက်သွားမည်။

(၆)       စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက် ရှိသော လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ရေ၊ မြေ၊ ရာသီဥတုနှင့် အခြေခံအဆောက်အုံများ ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး နှင့် မွေးမြူရေး သိပ္ပံများကို စိုက်ပျိုးရေးကောလိပ်အဆင့်သို့ တိုးမြှင့် ဆောင်ရွက်သွားမည်။

()       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက် ရေးနှင့် သီးနှံအကြွင်းအကျန်များ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ

           

()       သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး၊ ရာသီဥတုနှင့် လိုက်လျော ညီထွေရှိသည့် စိုက်ပျိုးမွေးမြူရေးစနစ်များ ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သော နည်းပညာ ရရှိရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။           

()       ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် များကြုံတွေ့လာပါက တောင်သူလယ်သမားများ၊ မွေးမြူသူများ၊ ရေလုပ်သားများ၏ လူမှုစီးပွား ရေးဆိုင်ရာ တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရေး ကူညီပံ့ပိုး ဆောင်ရွက် ပေးမည်။

()       သဘာဝဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်း၍ စဉ်ဆက်မပြတ် ရေရှည် သုံးစွဲနိုင်မှု မြှင့်တင်ရေး၊ မြေဆီလွှာ ဆုံးရှုံးမှုလျော့နည်းစေရေး၊ မြေဆီလွှာ အရည်အသွေး ပြန်လည်ကောင်းမွန်လာစေရေး၊သီးနှံအကြွင်းအကျန်များနှင့် မွေးမြူရေးလုပ်ငန်းများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု မရှိစေရေးနှင့် ဇီဝ မျိုးကွဲများ ဆုံးရှုံးမှု လျော့နည်းစေရေး ဆောင်ရွက်သွားမည်။

 (ဈ)     မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ

 

(၁)       မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး ထုတ်လုပ်မှု ကောင်းမွန်သော တိရစ္ဆာန်မျိုးများနှင့် ငါးမျိုးများ မွေးမြူ ဆောင်ရွက်သွားမည်။

(၂)       ပြည်တွင်းစားသုံးမှုပြည့်မီရန်နှင့် ပြည်ပဈေးကွက် လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်။

(၃)       အသား၊ နို့၊ ဥ၊ ငါး ပိုမိုစားသုံးနိုင်ရန် တစ်ပိုင်တစ်နိုင်မွေးမြူရေး၊ အသေးစား အလတ်စား မွေးမြူရေးနှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး အားပေးကူညီ ဆောင်ရွက်သွားမည်။

()       အသား၊ နို့၊ ပိုမိုစားသုံးနိုင်ရန် တစ်ပိုင်တစ်နိုင်မွေးမြူရေး၊ အသေးစား အလတ်စား မွေးမြူရေးနှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး အားပေးကူညီ ဆောင်ရွက်သွားမည်။

(၅) တိရစ္ဆာန်အစာလုံလောက်မှုရှိစေရန်ပြည်တွင်းထွက်တိရစ္ဆာန်အစာကုန်ကြမ်း များ၊ အစာနုများ လုံလောက်စွာရရှိရန် ဆောင်ရွက်သွားမည်။

(၆)       တိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုများ ဆောင်ရွက်သွားမည်။

(၇)       နည်းပညာ၊ သုတေသန၊ သွင်းအားစုများကိုအခြေခံ၍ တိရစ္ဆာန် မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သွားမည်။

(၈)       ပျားများဖြင့် ဝတ်မှုန်ကူးပေးခြင်းကြောင့် စိုက်ပျိုးသီးနှံများ အရည်အသွေး ပြည့်မီပြီး အထွက်နှုန်း တိုးပွားရေး၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများ ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည်။

(၉)       ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေများအရ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန် ဆောင်ရွက်သွားမည်။

(၁၀)     လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည် ပြည့်ဝစေရေး ဆောင် ရွက်သွားမည်။

 

 

လုပ်ငန်းစဉ်များ

၁၁။      လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်

(က)      မြေယာအသုံးချမှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်

             

()       လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းအတွက် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်သွား မည်။

()       မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေသစ်များ၊ မွေးမြူရေး ဇုန်များအဖြစ် ဖော်ထုတ်လုပ်ကိုင်နိုင်ရေး အားပေးဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိ လုပ်ပိုင်ခွင့်ရပြီးသော စိုက်ပျိုးမြေများ၊ မွေးမြူရေးဇုန်များကို လက်တွေ့အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်မည်။

()       လယ်ယာမြေများကို ခိုင်လုံသော အကြောင်းတစ်မျိုးမျိုးကြောင့် သိမ်းဆည်း ခံရပါက လျော်ကြေး (သို့မဟုတ်) နစ်နာကြေး (သို့မဟုတ်) အစားထိုး မြေယာ ပြန်လည်ရရှိရေးတို့အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်မည်။

()       ကျေးလက်ဒေသတွင် နေထိုင်၍ လယ်ယာလုပ်ငန်းကို လက်ရှိလုပ်ကိုင်နေ သော်လည်း အရင်းအနှီးချို့တဲ့သူ လယ်မဲ့ယာမဲ့များ၊ လယ်ယာမြေ ချို့တဲ့သူ လယ်ယာလုပ်သားများအတွက် အလားအလာရှိသော ဒေသများတွင် လယ်ယာမြေသစ်များ ဖော်ထုတ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိစေရန် ကူညီဆောင်ရွက်သွားမည်။

()       လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေနှင့်အညီ နိုင်ငံတော်မှ ပြန်လည်သိမ်းယူနိုင်ရေး  ဆောင်ရွက် သွားမည်။

()       လယ်ယာမြေများကို ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ လှပ်မြေ အဖြစ် ထားရှိခြင်းကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်။

()       လယ်ယာမြေတွင် တောင်သူလယ်သမားများအတွက် အကျိုးရှိစေမည့် ရာသီ သီးနှံများကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်။

()       မြေကြီးမြေပုံမှန်ကန်ရေးကို အလေးထား ဆောင်ရွက်မည့်အပြင် လက်ရှိ သမာရိုးကျ မြေပုံစနစ်မှ ဒစ်ဂျစ်တယ်မြေပုံများသို့ ပြောင်းလဲခြင်းနှင့် ခေတ်မီ နည်းပညာ သစ်များ အသုံးချခြင်းတို့ကို စနစ်တကျ စီမံဆောင် ရွက်မည်။ တိုင်းတာခြင်း မပြုရသေးသော မြေများထဲမှ အကျိုးရှိစွာ အသုံးပြုနိုင်မည့် မြေများကို တိုင်းတာမှတ်တမ်းပြုစုရေး ဆက်လက် ဆောင်ရွက်သွားမည်။

()      တောင်ပေါ်/ကုန်းမြင့်ဒေသများ၌ အလှည့်ကျရွှေ့ပြောင်း တောင်ယာ လုပ်ငန်း များကို စနစ်တကျ မှတ်တမ်းတင်ခြင်း ဆောင်ရွက်သွားရန်နှင့် ရိုးရာအစဉ် အလာနှင့် တိုင်းရင်းသားလူမျိုးစု မြေယာအခွင့်အရေးများကို အလေးထား သည့်နည်းတူ ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ခြင်းနှင့် တောင်စောင်း ဒေသ စိုက်ပျိုးနည်းစနစ် သုံးစွဲခြင်းတို့ကို နည်းပညာပေး ကူညီဆောင်ရွက်သွားမည်။

(၁၀)     တောင်သူလယ်သမားအစုအဖွဲ့၊ မွေးမြူသူများ အစုအဖွဲ့နှင့် ရေလုပ်သား အစုအဖွဲ့များနှင့် ပြုပြင် ထုတ်လုပ်သည့် ကုမ္ပဏီများ ကန်ထရိုက် လယ်ယာ စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်ပုဂ္ဂလိက ကုမ္ပဏီများနှင့် ထုတ်လုပ်သူ အစုအဖွဲ့များကြား မျှတသော အကျိုးခံစားခွင့်ရရှိစေမည့် စံလုပ်ငန်းစဉ် သတ်မှတ်ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်။

(၁၁)     ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် လုပ်ကွက်ငယ် လယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်၊ နည်းပညာနှင့် စျေးကွက်ဝင်ရောက်ခွင့် တန်းတူ ရရှိစေရေးစသည့် လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အားပေး ကူညီ ဆောင်ရွက်မည်။

(၁၂)     ရေချိုရေငန် ငါးမွေးမြူဖမ်းဆီး ထုတ်လုပ်မှုတွင် ငါးဖမ်းရေယာဉ်၊ ငါးဖမ်း နည်းစနစ်၊ ငါးဖမ်းကိရိယာအမျိုးအစားနှင့် ငါးဖမ်းကွက်များ၊ ငါးမွေးမြူ နည်းစနစ်၊ ငါးမွေးမြူကန်များ၊ သဘာဝရေချိုရေငန် ရေပြင်များ၌ ရေနေ သတ္တဝါများ မွေးမြူခြင်းကို ငါးလုပ်ငန်းဥပဒေနှင့်အညီ စီမံကြီးကြပ် ဆောင်ရွက်သွားမည်။

 

 

 

()       ရေအရင်းအမြစ် အသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်

             

()       ရေလေလွင့်မှုနည်းပါးပြီး အကျိုးရှိစွာအသုံးချနိုင်ရေး အတွက်လက်ရှိ ဆည် များ၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေတူးဖော်ရေး လုပ်ငန်းများ၊ ရေပေးဝေမှုစနစ်နှင့် ရေသောက်စနစ်များကို ခေတ်မီအောင် ပြုပြင် တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်။

()       ကျေးရွာပိုင်ဆည်များ၊ ရေကန်များ၊ ရေသွင်းရေထုတ်စနစ်များ၊ လယ်သမား တာများ တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးကို ကူညီဆောင်ရွက်ပေးမည်။

()       လိုအပ်သည့်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ကို ထိခိုက်မှု အနည်းဆုံးဖြင့် မြေအောက်ရေ တူးဖော်သုံးစွဲနိုင်ရေးနှင့် အစက်ချ ရေပေးစနစ်၊ ရေဖျန်းစနစ်စသည့် အဆင့်မြင့်ရေသွင်းနည်းစနစ်များ ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်။

()       ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် ရေဘေး ကာကွယ်ရေးတာများနှင့် ပင်လယ်ရေငန် ဝင်ရောက်သော ဒေသများတွင် ရေငန်တားတာများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ခြင်း လုပ်ငန်းများအား ရံပုံငွေရရှိမှုပေါ်မူတည်၍ ဒေသအလိုက် ဦးစားပေး အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

()       ဒေသရှိရင်းစွဲ အရင်းအမြစ်များနှင့် ဒေသ၏ လိုအပ်ချက်အပေါ် မူတည်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသုံးရေ၊ သောက်သုံးရေဖူလုံစေရေးနှင့် ဒေသ စိမ်း လန်းစိုပြည်ရေးအတွက် ရေလှောင်တမံနှင့် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်။

()       ဒေသအလိုက် စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာ ရယူသုံးစွဲနိုင်ရန် "တောင်သူများ စိုက်ပျိုးရေရယူ သုံးစွဲရေးအဖွဲ့" များ ဖွဲ့စည်းတည်ထောင် နိုင်ရေးအတွက် လိုအပ်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း ခြင်းနှင့် ယင်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် လိုအပ်သော နည်းစနစ်များ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက် သွားမည်။

 

            ()       ချေးငွေနှင့် ထောက်ပံ့ငွေ ရရှိရေးငွေကြေးအရင်းအနှီးဆိုင်ရာ လုပ်ငန်းစဉ် 

()       စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ တိုးတက်စေရေးအတွက် ပြည်တွင်း ပြည်ပမှ အကူအညီများ၊ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်မည်။

()       လယ်ယာအခြေခံ စက်မှုလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးရေး လုပ်ငန်း များ ဖွံ့ဖြိုးရေးအတွက် နည်းပညာနှင့် အရင်းအနှီးများ ရရှိစေရေး ကူညီ ဆောင်ရွက်မည်။

()       စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းသုံး စက်ကိရိယာများအား လွယ်ကူစွာ ရယူသုံးစွဲနိုင်ရန် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့များ၊ ဘဏ်များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု ချေးငွေများကို ရယူ၍ ထိရောက်စွာ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်သွားမည်။

()       အရေးကြီးသီးနှံများ (စပါး၊ ဆီထွက်သီးနှံ) နှင့် တိရစ္ဆာန်မွေးမြူရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် မွေးမြူရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု စရိတ်နှင့် သွင်းအားစုစရိတ်များ ကာမိစေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ချေးငွေများရရှိရေးနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်။

()       သီးနှံများ အာမခံစနစ်နှင့် လယ်ယာကဏ္ဍ ချေးငွေများနှင့် သီးနှံသိုလှောင်မှု အပေါ် အာမခံပေးမှုစနစ် ပေါ်ထွန်းရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ နှင့် ပူးပေါင်း ဆောင်ရွက်မည်။     

()      စက်မှုလယ်ယာ နှင့် သွင်းအားစုများဆိုင်ရာ လုပ်ငန်းစဉ်

()       စက်မှုလယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ အဆင့်မြင့် ပညာရေးနှင့် အသက်မွေး၀မ်းကျောင်း ပညာရေးတို့တွင် အသိ အမှတ်ပြု လက်မှတ်ရ သင်တန်းများ တည်ထောင်ဖွင့်လှစ် သင်ကြား နိုင် ရေး ဆောင်ရွက်သွားမည်။

()        စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်းသုံး စက်နှင့် စက်ပစ္စည်းကိရိယာများ၏ စံချိန်စံညွှန်းများ သတ်မှတ်ဆောင်ရွက်ခြင်း လုပ်ငန်းများဖွံ့ဖြိုး တိုးတက် စေရန် အားပေးဆောင်ရွက်မည်။ 

()       စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အထူးသဖြင့် လုပ်ကွက်ငယ် တောင်သူ လယ်သမားများနှင့် တစ်ပိုင် တစ်နိုင် မွေးမြူသူများအား ဦးစားပေး၍ စိုက်ပျိုး မွေးမြူရေးနှင့် ရေလုပ်ငန်းသုံး အသေးစားစက်နှင့် စက်ပစ္စည်း ကိရိယာ များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်သုံးစွဲနိုင်ရေး ပံ့ပိုးရန်နှင့် ခေတ်မီ စက်မှု လယ်ယာစနစ်သို့ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာ စေရန် ပုဂ္ဂလိက ကဏ္ဍကို အားပေးကူညီမည်။

()       တောင်သူလယ်သမားများနှင့် မွေးမြူသူများ လိုအပ်သည့် မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မွေးမြူရေးအစာ၊ ဆေးဝါးများနှင့် သွင်းအားစုများကို မှန်ကန်သော အရည်အသွေး၊ ဈေးနှုန်းဖြင့် ဝယ်ယူရရှိ ရေး ပေါင်းစပ် ကူညီပေးမည်။

()       မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့၊ မျိုးသားပေါက်၊ မွေးမြူရေး အစားအစာနှင့် ဆေးဝါးများနှင့် သွင်းအားစုများကို အတုအပ မရှိရေး၊ စံချိန်စံညွှန်းကိုက်ညီရေး၊ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ မှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် ပညာပေး ခြင်း၊ စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကြပ်မတ် ဆောင်ရွက်သွားမည်။

()       သဘာဝမြေသြဇာ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ရန် နည်းပညာပံ့ပိုး ကူညီမှု ကို တိုးမြှင့် ဆောင်ရွက်မည်။

()       ရေမြေဒေသသဘာဝနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်များနှင့် နည်း ပညာများကို တောင်သူလယ်သမားများအား ဖြန့်ဖြူးပေးနိုင်ရန် မျိုးစေ့ ထုတ်စိုက်ကွင်းများ၊ မျိုးသန့်ဇုန်များ၊ တောင်သူပညာပေးစိုက်ကွင်းများ၊ မွေးမြူရေးဇုန်များ၊ ငါးလုပ်ငန်းစခန်းများကို အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုးချဲ့ လုပ်ဆောင် သွားမည်။

            ()       သုတေသန၊ ဖွံဖြိုးမှုနှင့် နည်းပညာ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်

 

()      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ နည်းပညာများ ရေရှည်ဖွံ့ဖြိုး ရေးအတွက် ဓာတ်ခွဲခန်းများအဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာ အသိအမှတ် ပြုလက်မှတ်များ (ISTA, ISO)ရရှိနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ခေတ်မီဓာတ်ခွဲ ခန်းသုံးကိရိယာများ ခေတ်နှင့်အညီ တပ်ဆင်ခြင်းများ ဆောင်ရွက်သွားမည်။

()       သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဘာသာရပ်အလိုက်ကျွမ်းကျင် ပညာရှင်များ လေ့ကျင့် မွေးထုတ်ပေးမည့်ရေတို၊ ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက် သွားမည်။

()       စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေးလုပ်ငန်းများတွင် ခေတ်မီသတင်း အချက်အလက်နည်းပညာများ(AI အပါအဝင်) အသုံးပြုခြင်းနှင့် စိုက်ပျိုး မွေးမြူရေး ပညာပေးနည်း စနစ်အသစ်များ တိုးမြှင့်သုံးစွဲနိုင်ရေး ဆောင်ရွက် သွားမည်။

()       ရေ၊ မြေသယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ထိန်းသိမ်း နိုင်ရန်အတွက် စံချိန်စံညွှန်းစစ်ဆေးပြီးသည့် ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများ၊ မွေးမြူရေးဆေးဝါး ပစ္စည်းများနှင့် မြေသြဇာများကိုသာ သုံးစွဲရေး နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးနိုင်စေရန် တောင်သူလယ်သမားပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်။

()       ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိမည့် စိုက်ပျိုးမွေးမြူ ထုတ် လုပ်ရေးနှင့် မြေဆီလွှာနှင့် စိုက်ပျိုးရေ ထိရောက်အကျိုးရှိစွာ အသုံးချနိုင် ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်။

()      စျေးကွက် လိုအပ်ချက်နှင့်ကိုက်ညီပြီး ရေ၊ မြေ၊ ဒေသ အခြေအနေ အလိုက် သင့်တော်ဖြစ်ထွန်းမှုရှိသည့် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်းနှင့် ရာသီဥတုနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိ သော သီးနှံမျိုးများ၊ သားငါး တိရစ္ဆာန် မျိုးကောင်း မျိုးသန့်များ သုတေသန ပြု ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း ထွက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်း စဉ်များတွင် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် အရည်အသွေး ကောင်း မွန်စေရေးအတွက် လက်တွေ့အသုံးချနိုင်မည့် ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ပြုပြင်ထုတ်လုပ်သည့် နည်းပညာများကို သုတေသနပြု ဖော်ထုတ်သွား မည်။

()       အစိုးရအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်သည့် နိုင်ငံတကာအဆင့်မီသုတေသန အဖွဲ့အစည်းနှင့် အမျိုးသားအဆင့် စိုက်ပျိုးရေး၊ သုတေသနနှင့် တိုးချဲ့ ပညာပေးရေး စနစ်များ ထူထောင်၍ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းသုံးစက်နှင့် စက်ပစ္စည်းကိရိယာများ တီထွင် အသုံးပြုမှုဆိုင်ရာ သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်။

(၁၀)     မျိုးဗီဇအရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက် ခြင်း၊ အသုံးပြုခြင်းနှင့် အသုံးပြုခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများကို သာတူညီမျှ ခွဲဝေခြင်းများအား သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

()       နိုင်ငံတကာနှင့် လယ်ယာသားငါးထွက်ကုန်များ ကုန်သွယ်မှု လျင်မြန် ချောမွေ့စေ ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ် 

 

()       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကို အခြေခံပြီး တန်ဖိုး မြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးကို အားပေးကူညီ ဆောင်ရွက်မည်။

()       တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရန် နည်းပညာ ဖြန့်ဝေ ခြင်းနှင့် လိုအပ်သော အရင်းအနှီးများ ရရှိရေးတို့ကို ကူညီဆောင်ရွက်မည်။

()       ပြည်တွင်းပြည်ပ ကုန်သွယ်မှု၊ ဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအား၊ ဈေး နှုန်းနှင့် အခြားစျေးကွက် သတင်းအချက်အလက်များကို လုပ်ငန်းတွင် ပါ၀င် ဆောင်ရွက်နေသူများအားလုံး ကျယ်ကျယ် ပြန့်ပြန့် အချိန်မီ သိရှိနိုင်စေရန် ဆက်စပ်ဆောင်ရွက်ပေးမည်။

()       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း၊ ပြည်ပပို့ကုန် ပစ္စည်းများ အတွက် အစားအစာ သန့်ရှင်းစင်ကြယ်ခြင်း၊ ပိုးမွှားရောဂါ သန့်စင်စေခြင်း၊ ပိုးမွှား ရောဂါများပြန့်ပွားမှုကို ထိန်းချုပ်ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း (Sanitary, Phytosanitary, Quaratine, Quality Inspection and Supervision)နှင့် ယင်းလုပ်ငန်း ဆိုင်ရာ လိုအပ်သည့် သတင်းထုတ်ပြန်ကြေငြာခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပမှ သိရှိနိုင်အောင် ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ နိုင်ငံများ၏ ပိုးမွှားရောဂါ များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တင်ပို့နိုင်ရေးကို ကူညီဆောင်ရွက် သွားမည်။

()       မျိုးကောင်းမျိုးသန့် တိရစ္ဆာန်နှင့် အရည်အသွေးမီသော တိရစ္ဆာန်ထွက် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် တိရစ္ဆာန်အာဟာရဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်း တို့ကို ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်သွားမည်။

()       လယ်ယာကဏ္ဍ စီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်တလျောက် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် အကျိုးအမြတ် မျှတစွာ ခွဲဝေရရှိရေး ဆောင်ရွက်သွားမည်။

()       တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင် စိုက်ပျိုးထုတ်လုပ် သည်မှ စားသုံးသူလက်ဝယ် ရောက်ရှိသည်ထိ ကွင်းဆက်တလျောက် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်သည့် ဝန်းကျင်ကောင်း တစ်ရပ် ဖန်တီးနိုင်ရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးကိုဆောင်ရွက်သွားမည်။

()       စျေးကွက်ခိုင်မာရေး၊ စျေးနှုန်းအာမခံချက်ရရှိရေးနှင့် ဈေးကွက်တွင် ကြားခံ ကုန်ကျစရိတ်များ လျော့နည်းစေရေးတို့အတွက် လက်ကားစျေးနှင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးရေးကို ကူညီဆောင်ရွက်ပေးမည်။

()       စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းပြည်ပ၌ ပြုလုပ်သည့် ကုန်စည်ပြပွဲများ၊ စီးပွားရေးစကားဝိုင်း တွေ့ဆုံပွဲများတွင် ပါဝင်ပြသ၊ ဆွေးနွေးနိုင်ရေး ကူညီ ဆောင်ရွက်မည်။

(၁၀)     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အပြန်အလှန် ဖလှယ်ရရှိနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

 

()     အုပ်ချုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဌာနအဖွဲ့အစည်းများ ဆိုင်ရာ လုပ်ငန်းစဉ်  

           

()       လယ်ယာကဏ္ဍလုပ်ငန်း စီမံဆောင်ရွက်မှုများကို e-Government စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို (One Stop Service) ဖြင့် အကောင်အထည်ဖော်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်။

()        မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် သီးနှံမျိုးသစ်များ၏ မူပိုင်ခွင့်အား အကာ အကွယ်ပေးသွားမည်။ ဒေသမျိုးရင်း ငါး၊ တိရစ္ဆာန်မျိုးစိတ်များအား မျိုးမြှင့် တင်ခြင်း၊ မျိုးစပ်မွေးမြူခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ဒေသမျိုးရင်း ငါး၊ တိရစ္ဆာန်မျိုးစိတ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လိုအပ်သော ဥပဒေများပြဌာန်း၍ ကြီးကြပ်ဆောင်ရွက်သွားမည်။

()       ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်ဆင့် တို့တွင်ရှိသော အစိုးရဌာနများနှင့် ပုဂ္ဂလိကများအပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အကြား ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမွန်ရေးကို ဆောင်ရွက်သွားမည်။

()       ချမှတ်ထားသော မူဝါဒများနှင့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် ဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးခြင်းများ ဆောင်ရွက် သွားမည်။

()       ဌာနလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိက အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရန် အားပေးကူညီသွားမည်။

()       မြေနှင့်ရေ သယံဇာတ အသုံးချစီမံခန့်ခွဲရေး၊ စက်မှုလယ်ယာစနစ် ကူး ပြောင်းရေး၊ ခေတ်မီဈေးကွက် စနစ်ထူထောင်ရေး အပါအ၀င် ကဏ္ဍ အလိုက် သက်ဆိုင်သော နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့် မွေးထုတ်ပေးမည့် အစီအမံများ စနစ်တကျ ချမှတ် ဆောင်ရွက်သွားမည်။

()       လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ပညာရပ် များအား ခေတ်မီ၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေး တို့အပြင် မွေးမြူရေးဒီပလိုမာ၊ တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ၊ ငါးလုပ်ငန်းသိပ္ပံ၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင် သင်တန်းများကိုပါ တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက် သွားမည်။

()       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာနှင့် သီးနှံအကြွင်းအကျန်များ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်

           

()       ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းများ ဖြစ်ပေါ် လာစေရန် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်မည်။

()       ဗီဇအရင်းအမြစ် များကို ထိန်းသိမ်း ကာကွယ်ရန်နှင့် အကျိုးရှိစွာ အသုံးချ နိုင်ရန်အတွက် နည်းပညာ ကော်မတီများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မည်။

(၃)      တောင်ကုန်း၊ တောင်စောင်းဒေသများ နှင့် ရေဝေ ရေလဲဒေသများတွင် မြေဆီလွှာ ပျက်စီးပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများအား ဆက်စပ်ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်။ အပူပိုင်းဒေသများ တွင် ရေလေတိုက်စားမှုကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှု လျော့နည်း စေရန်အတွက် ကာကွယ်ခြင်းနည်းပညာများ၊ အလေ့အကျင့်ကောင်းများ ဖြန့်ဝေရေးနှင့် မိုးရေကို အကျိုးရှိစွာ သိုလှောင် အသုံးပြုနိုင်စေရေးတို့ကို ကျွမ်းကျင် ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်။

()       စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ မိုးလေဝသသတင်းများ အချိန်နှင့် တပြေးညီ ထုတ်ပြန် အသိပေး၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေး ဆောင်ရွက်မည်။     

()       ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုး မွေးမြူရေး စနစ်များ ဖြစ်သော  Conservation agriculture, Organic Agriculture, စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP, Biotic Abiotic Stress tolerance varieties (heat tolerance, salt tolerance, drought tolerance, deep water tolerance), Good Animal Husbandry Practices-GAHP, Good Aquaculture Practices – GAqP ဖြင့် မွေးမြူထုတ်လုပ်ခြင်း၊ မြေအသုံးချမှု စီမံခန့်ခွဲနည်းနစ်၊ သဘာဝမိုးရေကို စနစ်တကျ သိုလှောင် အသုံးချနည်းစနစ်များ ဆောင်ရွက်သွားမည်။

()       ဘက်စုံပိုးမွှား ရောဂါကာကွယ်ရေး နည်းပညာ၊ မြေဆီလွှာ တိုက်စားမှု လျော့ပါးစေသောစိုက်ပျိုးနည်းစနစ်များ၊ သီးနှံများ အလှည့်ကျ စိုက်ပျိုးခြင်း နှင့် သီးနှံအမယ်စုံ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားမည်။

            (ဈ)      မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) တစ်နိုင်ငံလုံးအသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသအလိုက် ဖြစ်ထွန်း    အောင်မြင်မည့် တိရစ္ဆာန်များကို တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်ရန် အားပေး ဆောင်ရွက်သွားမည်။

(၂)    တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ အခြေခံကိန်းဂဏန်းများ မှန်ကန် ပြည့်စုံ စွာ ရရှိရေး ဆောင်ရွက်သွားမည်။

(၃)    တစ်ပိုင်တစ်နိုင်မွေးမြူရေး၊ အသေးစားအလတ်စားနှင့် စီးပွားဖြစ် မွေးမြူ ရေးခြံများ၏ မွေးမြူမှုအဆင့်အတန်းအား ကောင်းမွန်သော မွေးမြူရေး ကျင့် စဉ် သတ်မှတ်ပေးရန်။ မွေးမြူသူများ လိုအပ်သည့် မျိုး၊ မွေးမြူရေးအစာ၊ တိရစ္ဆာန်သုံးဆေးဝါးများနှင့် သွင်းအားစုများကို မှန်ကန်သော ဈေးနှုန်း၊ အရည်အသွေးဖြင့် ဝယ်ယူရရှိနိုင်ရေး ပေါင်းစပ်ကူညီ ဆောင်ရွက်သွားမည်။

(၄)    တိရစ္ဆာန်အစာလုံလောက်မှုရှိစေရန် စားကျက်များဖြစ်ထွန်းစေရေး အတွက် ဒေသနှင့်ကိုက်ညီသော စားကျက်မျိုးနှင့် စားကျက် စိုက်ပျိုးခြင်း နည်းပညာ များဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေး ဘေးထွက် ပစ္စည်းများအား တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ဒေသထွက် ကုန်ကြမ်းများ ကိုအခြေခံ၍ အာဟာရပြည့်ဝသည့်စပ်စာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက် သွားမည်။

(၅)    မြန်မာနိုင်ငံ၏ ဒေသတိရစ္ဆာန်မျိုးရင်းများကို ဖော်ထုတ်ပြီး မပျောက်ပျက် စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားမည်။

(၆)    မွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပမှ အကူအညီနှင့် ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုရရှိစေရန်၊ အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ မျိုး၊ အစာ၊ နည်းပညာနှင့် ဈေးကွက်တို့ရရှိရန် စီမံ ဆောင်ရွက်သွားမည်။

(၇)    တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းပို့ကုန်၊ သွင်းကုန်စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ထိန်း သိမ်းစစ်ဆေးရေးစခန်းလုပ်ငန်း၊ နယ်စပ် ဖြတ်သန်းသွားလာ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာသတ်မှတ်ထားသည့် စည်းကမ်းများ၊ ပြဌာန်း ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ရောဂါ ထိန်းချုပ်ဇုန်များ၊ ရောဂါကင်းရှင်းဇုန်များ သတ်မှတ်ဖော်ထုတ်သွားမည်။

(၈)    တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ တိရစ္ဆာန်ကူးစက်ရောဂါမဖြစ်ပွားစေရေး၊ ဖြစ်ပွားလာပါက   လူမှုစီးပွားရေး ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး၊   တိရစ္ဆာန်ထွက် ပစ္စည်းများ အရည်အသွေး ကောင်းမွန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမိန့်၊  ညွှန်ကြား ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုအပ်သလို ရေးဆွဲ ထုတ်ပြန်ပေးသွား မည်။

(၉)    ပုဂ္ဂလိကပျားမွေးမြူသူနှင့် ပျားအုံအရေအတွက် တိုးတက်စေရန်နှင့် အရည် အသွေးမီပျားရည်နှင့်  ပျားထွက်ပစ္စည်းများ ကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရန် အတွက် မျိုးကောင်းမျိုးသန့်မိတ်အောင် ပျားဘုရင်မများ မွေးမြူ ထုတ်လုပ် ဖြန့်ဖြူးပေးပြီး ပျားမွေးမြူရေး နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချ ဆောင်ရွက်သွားမည်။

(၁၀)  ခေတ်နှင့်အညီတိုးတက်လာသော နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာအသုံးပြုခြင်း၊ မွေးမြူရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ရေရှည်တည်တံ့ စေရန်  သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်။

(၁၁)  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ကျွမ်းကျင်ဝန်ထမ်းများ ပြုစုပျိုးထောင်ပေးခြင်း၊ တိုးတက်လာ သောခေတ်မီနည်းပညာများအား စဉ်ဆက်မပြတ် သိရှိအသုံးချနိုင်စေရန် စီမံ ဆောင်ရွက်သွားမည်။

(၁၂)  စွမ်းဆောင်ရည်ပြည့်ဝသည့်တိရစ္ဆာန်ဆေးပညာရှင်များ၊ မွေးမြူရေး ပညာ ရှင်များ၊ ကျွမ်းကျင်သူများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများပေါ်ထွက် စေရန်ဆောင်ရွက်သွားမည်။

(၁၃)  ဒေသ၏  ငါးပုစွန်သားပေါက် လိုအပ်ချက်များ  ဖြည့်တင်းပေးနိုင်ရန် အရည် အသွေးကောင်းမွန်သော ငါးပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊    ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး  ငါးရိက္ခာများ  တိုးတက် ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွားမည်။

(၁၄)  အရည်အသွေးမြင့် ငါးမျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်းနှင့် မျိုးဗီဇမြှင့် ငါးမျိုးစိတ် ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းငါးမျိုးများ ထိန်းသိမ်းခြင်းနှင့် သုတေသနပြု သားဖောက်မွေးမြူ ထုတ်လုပ်ခြင်း ဆောင် ရွက်သွားမည်။

(၁၅)  ရေချိုရေငန် ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဌာန၊ ပုဂ္ဂလိကနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခြင်း၊   ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေမှုရှိသော ငါးမျိုးစိတ်များနှင့် မွေးမြူရေး နည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်။

(၁၆)  ငါး/ပုစွန်ရောဂါများ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာ၊ ဒေသ တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးကဏ္ဍတွင် အရည်အသွေးပြည့်မီသော ဖော်စပ်စာများထုတ်လုပ် သုံးစွဲနိုင်ရေး အားပေး ဆောင်ရွက်သွားမည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

 

 

 

 

 

လယ်ယာကဏ္ဍမူဝါဒနှင့်လုပ်ငန်းစဉ်များ

 

 

 

 

 

 

 

 

၂၀၂၄ခုနှစ်၊ ဩဂုတ်လ

 

 

မာတိကာ

 

စဉ်

အကြောင်းအရာ

စာမျက်နှာ

၁။

မြန်မာ့လယ်ယာကဏ္ဍအခြေအနေ

၂။

မျှော်မှန်းချက်

၃။

လုပ်ငန်းတာဝန်များ

၄။

ပန်းတိုင်

၅။

ရည်မှန်းချက်များ

၆။

မူဝါဒများ

၇။

လုပ်ငန်းစဉ်များ

၁၃