အဓိကအကြောင်းအရာသို့ သွားမည်
x

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

(က) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်း လုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းအထောက် အထား များအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းကပင် စတင် ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့်ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါ သည်။ ကိုလိုနီခေတ် (၁၈၆၁) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်းခြင်း နှင့် တည်ဆောက်ခြင်းလုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင်နီ ယာ ချုပ်တစ်ဦးတည်းကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် လမ်းအဆောက်အအုံများနှင့် ဆည်မြောင်းလုပ်ငန်းများမှာ တဖြည်းဖြည်းနှင့် တိုးတက် ကျယ်ပြန့်လာခဲ့ရာ ရွှေဘိုတူးမြောင်း၊ မန္တလေးတူးမြောင်းနှင့် မုန်း၊ မန်း၊ စလင်း တူးမြောင်းများကဲ့သို့သော ဆည်မြောင်းသီးသန့်လုပ်ငန်းကြီးများ၊ (၁၈၈၁ ခုနှစ်မှ ၁၉၁၇ ခုနှစ်အထိ) ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ တာတ မံများကဲ့သို့ တာတမံတည်ဆောက်ထိန်းသိမ်းခြင်းလုပ်ငန်းများ မြန်မာပြည်အနှံ့အပြားတွင် ပေါ်ပေါက်ခဲ့ သည့်အပြင် ဆည်မြောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များဖြစ်သည့် ရေနှင့်သက်ဆိုင်သော ဇလဗေဒသိပ္ပံ၊ ဟိုက် ဒရောလစ်သိပ္ပံနှင့် ဆည်မြောင်းအင်ဂျင်နီယာသိပ္ပံပညာရပ်များမှာတစ်နေ့တစ်ခြားပိုမိုတိုးတက် ထွန်းကား ကျယ်ပြန့်လာခဲ့ပါသည်။(၁၉၁၇)ခုနှစ်ခန့်တွင်ပြည်သူ့လုပ်ငန်းဌာနကိုအဆောက်အအုံနှင့် လမ်းဌာနခွဲ၊ ဆည် မြောင်းဌာနခွဲဟူ၍ သီးခြားဌာနခွဲများဖွဲ့စည်းခဲ့ပြီး ဌာနခွဲတစ်ခုစီကို အင်ဂျင်နီယာချုပ်တစ်ဦးစီက အုပ် ချုပ်ခဲ့ ပါသည်။ (၁၉၂၉) ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာနနှင့် ဆည်မြောင်းဌာနတို့သည် သီးခြားရုံးများ ဖွင့်လှစ် တည် ထောင်ကြသဖြင့် ဆည်မြောင်းဌာနအနေနှင့် ထိုအချိန်မှစ၍ သီးသန့်ဌာနအဖြစ် ပေါ်ပေါက်ခဲ့ပါသည်။

ပထမကမ္ဘာစစ်ကြီးပြီးစအချိန်ကာလတွင် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လိုက် လျောညီစွာ ဆည်မြောင်းဌာနသည် အထက်မြန်မာပြည် ဆည်မြောင်းတိုင်း (၂) တိုင်းနှင့် အောက် မြန်မာ ပြည်ဆည်မြောင်းတိုင်း(၂)တိုင်း၊ စုစုပေါင်း(၄)တိုင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ သို့ရာတွင် ၁၉၃၀ – ၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး ဆိုက်ရောက်ချိန်၌ ကိုလိုနီစနစ်အုပ်ချုပ်မှု ယန္တရား အောက်တွင် ဆည် မြောင်း တိုင်း(၄)တိုင်းကို အထက်မြန်မာပြည်တွင် ဆည်မြောင်းတိုင်းဟူ၍ လည်းကောင်း၊ အောက်မြန်မာ ပြည်တွင် မြစ်ဝကျွန်းပေါ်တိုင်းဟူ၍လည်းကောင်း၊တိုင်း(၂)တိုင်းထိလျော့ချပြီး စုစုပေါင်းဆည်မြောင်းခရိုင်   ( ၉ ) ခရိုင် ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ဆုတ်ခွာသွားစဉ် မြန်မာအစိုးရအဖွဲ့ကို အိန္ဒိယတွင်ထားရှိချိန်၌ ဆည်မြောင်းဌာနခွဲကို လယ်ယာနှင့်ကျေးလက်စီးပွားရေးဌာနအောက်တွင် ထားရှိ ခဲ့ပါသည်။

၁၉၆၃ ခုနှစ်တွင်ကချင်၊ကယားနှင့် ရှမ်းပြည်နယ်များရှိဆည်မြောင်းလုပ်ငန်းများနှင့် ဝန်ထမ်းအဖွဲ့ အစည်းများကို ဆည်မြောင်းဌာနအောက်သို့ လွှဲပြောင်းပေးပြီး လုပ်ငန်းများကို လုပ်ဆောင်စေခဲ့ပါသည်။ ၁၉၆၆ခုနှစ်တွင် လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ရှိဆည်မြောင်း တာတမံများကို ပြုပြင်ထိန်း သိမ်းခြင်းသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လုပ်ငန်းသစ်များကိုလည်း စီမံကိန်းများချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်စေသဖြင့် ဆည်မြောင်းဌာန၏ ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင်လယ်ယာနှင့်သစ်တောဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် ကော်ပိုရေး ရှင်းများကို ပြန်လည်ဖွဲ့စည်းရာ၌ မြေယာကျေးလက်တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် လယ်ယာမြေ တိုးချဲ့ရေးဌာနစုကို ဆည်မြောင်းဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းပြီး ဆည်မြောင်းဦးစီးဌာနဟု အမည်ပေး၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၈၃ ခုနှစ်၊ မေလ ( ၁၅ ) ရက်နေ့တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနကို လယ်ယာနှင့် သစ် တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခုခွဲကာ ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၉၂ ခုနှစ်၊ မတ်လ ( ၅ )ရက်နေ့တွင် နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ခွဲခြားဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၉၆ ခုနှစ်၊ သြဂုတ် လ ( ၇ ) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနအဖြစ် ဌာနပေါင်း (၁၁) ခု ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးပါ သောဌာနတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)တွင် စီမံရေးရာဌာနခွဲ၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဖြည့်တင်းရေးဌာန ခွဲ၊ ငွေစာရင်းဌာနခွဲ၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ လုပ်ငန်းစစ်ဆေးရေးဌာနခွဲဟူ၍ အဓိကဌာနခွဲ (၆) ခု နှင့် ဆက်စပ် ဌာနခွဲများဖြစ်သည့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဇလဗေဒ ဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ လွန်တူးနှင့်မိုင်းဌာနခွဲ၊ စက်မှုဌာနခွဲ၊ ရေအားလျှပ်စစ်ဌာနခွဲ စသည့် ဌာနခွဲ (၇) ခုဖြင့် ဖွဲ့စည်းထားရှိပြီး ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်ကြီးများတွင် ဆည်မြောင်းဦးစီးဌာန ထိန်းသိမ်းရေးရုံး (၁၄) ခု အပြင် နေပြည်တော်ကောင်စီနယ်မြေတွင် ထိန်းသိမ်းရေးရုံးတစ်ရုံးနှင့် ရှမ်းပြည်နယ်တွင် ရှမ်း (အရှေ့) ထိန်းသိမ်းရေးရုံးနှင့်ရှမ်း(မြောက်)ထိန်းသိမ်းရေးရုံးတို့ထပ်မံတိုးချဲ့ ဖွဲ့စည်းထားရှိသဖြင့်စုစုပေါင်း ဆည် မြောင်း ထိန်းသိမ်းရေးရုံး (၁၇) ခုရှိပြီး ညွှန်ကြားရေးမှူး (၁၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူး( ၆ )ဦးမှ တာဝန် ယူ၍ ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ဆည်မြောင်းဦးစီးဌာန အုပ်ချုပ်မှုအောက်တွင် တည်ဆောက်ရေးရုံး ( ၉ )ခု ဖွဲ့စည်းထား ရှိပြီး လှည်းကူး၊ ပြည်၊ မကွေး၊ရွှေဘို၊ ပျဉ်းမနား၊ ရန်ကုန်၊ မိတ္ထီလာမြို့ကြီးများတွင် တည်ဆောက်ရေး အခြေစိုက်ရုံးများဖွင့်လှစ်ကာ ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းများကို ညွှန်ကြားရေးမှူးများမှ တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုနည်းတူစွာ နေပြည်တော်ရှိ အင်ဂျင်နီယာချုပ် (စက်မှု) အုပ်ချုပ်မှုအောက်တွင် ရန်ကုန်၊ တောင်ငူ၊ မကွေးနှင့်မန္တလေးမြို့ကြီးများ၌ စက်မှုတိုင်းဌာနကြီးများ၏ အခြေစိုက်ရုံးများဖွင့်လှစ်ပြီး ညွှန်ကြားရေးမှူး ( စက်မှု )များမှ မိမိတို့သက်ဆိုင်ရာ တည်ဆောက်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများ အလိုက် စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ )ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အုပ်ချုပ် မှုအောက်၌ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဌာန (၂) ခုတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ထို့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့မှစတင်၍ ယခင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအား သမဝါယမ ဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းလျက် စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဝန်ကြီးရုံး(၃)ရုံးအား ဝန်ကြီးရုံး (၁)ရုံးအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး ဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဌာန(၁၃) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် (၁၄၀/၂၀၂၁)ဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် အသစ် ပြန်လည် ဖွဲ့စည်းခဲ့သဖြင့် ယခုအချိန်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဦးစီးဌာန(၉)ခုနှင့် တက္ကသိုလ် (၂)ခု ပါဝင် လျက်ရှိပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်းတွင် တည်ဆောက် ထိန်း သိမ်းထားရှိသော ရေအားအဆောက်အဉီများမှာ (၂၀၂၂)ခုနှစ် မတ်လထိ ရေလှောင်တမံ (၂၄၅)ခု၊ ရေလွှဲ ဆည် (၁၄၄)ခု၊ ကန် (၇၂)ခု၊ ရေတံခါး (၁၉၉)ခု နှင့် မြစ်ရေတင်လုပ်ငန်း (၂၁၀)ခုရှိပြီး စိုက်ပျိုးရေ ပေးဝေ ခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများမှ ရေအားလျှပ်စစ်ထုတ် လွှတ်ပေးခြင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြို့ပြကျေးရွာများနှင့် စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခြင်းကင်း ဝေးစေရန် တည်ဆောက် ထိန်းသိမ်းထားရှိသောရေဘေးကာကွယ်ရေးတာနှင့်ရေငန်တားတာစုစုပေါင်း (၂၃၀)ခုနှင့် အလျား မိုင်ပေါင်း (၂၅၁၉)မိုင်ခန့်ရှိပြီး မြေဧရိယာဧကနှစ်ဆယ့်ခုနှစ်သိန်းကျော်ကို ရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေး လျက်ရှိပါသည်။

သို့ဖြစ်ပါ၍စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာရရှိစေရေး နှင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေးလုပ်ငန်းများကို ဦးဆောင် အခန်းကဏ္ဍ မှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

iwamd

(ဂ) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မူဝါဒ

          နိုင်ငံ၏ရေအရင်းအမြစ် သယံဇာတများကို ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး နောင်ရေရှည် လုံခြုံစိတ်ချစွာ အသုံးချနိုင်ရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ စီမံအကောင်အထည်ဖော်ဆောင်ရွက်ရန်။

(ဃ) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ရည်မှန်းချက်

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးခက် ခဲမှု၊ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာစေရေးနှင့် နောင်ရေရှည်လုံခြုံ စိတ်ချနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ထိန်းသိမ်းပြီး ရေ အရင်းအမြစ်သယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရန်။

(င) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

          (၁)     လိုအပ်သည့် အကြိုစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်မြောက် နိုင်စွမ်းရှိပါက ဒေသလိုအပ်ချက်နှင့်

                 လိုက်လျောညီထွေဖြစ်ပြီးရှိရင်းစွဲ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို မထိခိုက်စေနိုင်ရေအားလျှပ်စစ်ပါ

                တွဲဘက်ထုတ်လုပ်နိုင်သောဘက်စုံရေလှောင်တမံများအပါအဝင် စီမံကိန်းအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

          (၂)     တည်ဆောက်ပြီးရေလှောင်တမံနှင့်ရေသောက်စနစ်များအား စိုက်ပျိုးရေ ထိရောက်လုံလောက်စွာ ပေးဝေနိုင်ရန် ပြုပြင်ခြင်းနှင့်

                  ထိန်းသိမ်းလည်ပတ်ခြင်း။

          (၃)     ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေဘေးကာကွယ်ရေးတာများနှင့် ရေငန်တားတာများ ပြုပြင်တည်ဆောက်

                    ထိန်းသိမ်းခြင်း။

          (၄)     ဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ သောက်သုံးရေဖူလုံစေရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက်

                    ရေလှောင်တမံနှင့် ဆည်ငယ်/ကန်ငယ်များတည်ဆောက်ပြုပြင်ခြင်း။

          (၅)     ကျေးရွာဆည်မြောင်းလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းလည်ပတ်ခြင်း လုပ်ငန်းများတွင်နည်းပညာထောက်ပံ့မှုဖြင့်

                   ကူညီဆောင်ရွက်ခြင်း။

          (၆)     စနစ်ကျ၍ ထိရောက်ကောင်းမွန်သော ရေစီမံခန့်ခွဲမှုလုပ်ငန်းများပါဝင်သည့် အဆင့်မြင့်လယ်ယာမြေဖော်ဆောင်မှု

                  လုပ်ငန်းများကိုဝန်ကြီးဌာနလက်အောက်ရှိဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

          (၇)     တောင်သူလယ်သမားများပါဝင်သည့် ရေအသုံးပြုသူအဖွဲ့များအား ဆည်ရေကိုထိရောက်အကျိုးရှိစွာ အသုံးချ

                   တတ်စေရန်အတွက် ရေစီမံခန့်ခွဲမှုသင်တန်းများဖြင့်လေ့ကျင့်ပညာပေးခြင်း။

          (၈)     မြစ်ရေတင်စီမံကိန်းများအနေဖြင့် မူလအကျိုးပြု လယ်/ယာမြေ ဧကများ အပြည့်အဝ စိုက်ပျိုး ရေပေးဝေနိုင်ရန်

                   ဆောင်ရွက်ခြင်း။

          (၉)     အပူပိုင်းဇုန် ဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများ

                 အတွင်းရှိလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့်မြေအောက်ရေဖော်ထုတ်သုံးစွဲသည့်လုပ်ငန်းများမှ စိုက်ပျိုးရေပိုမို

                ပေးဝေနိုင်ရေးဆောင်ရွက်ခြင်း။

          (၁၀)   စိုက်ပျိုးရေနှင့်သောက်သုံးရေလိုအပ်ချက်အား ထောက်ကူဖြည့်ဆည်းပေးနိုင်ရေး အတွက်မြေအောက်ရေဖော်

                  ထုတ်သုံးစွဲခြင်းလုပ်ငန်းများအားသဘာဝအရင်းအမြစ်ကို ထိခိုက်မှု မရှိစေဘဲ စနစ်တကျ တိုးချဲ့ဆောင်ရွက်ခြင်း။

          (၁၁)   လျှပ်စစ်ဓါတ်အား ရရှိနိုင်မှုအခြေအနေပေါ်မူတည်၍ မူလတည်ဆောက်ပြီး ဒီဇယ်မြစ်ရေတင်လုပ်ငန်းများအား

                  လျှပ်စစ်ရေတင်စနစ်သို့   ပြောင်းလဲတည်ဆောက်ခြင်း။

          (၁၂)   မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေဖြင့် တစ်ကွင်းတစ်စပ်ရေ ပေးဝေသော လုပ်ငန်း များတွင် ရေသုံးစွဲမှု

                  ချွေတာသောနည်းစနစ် (Wateraving Technology) အသုံး ပြုနိုင်ရေး လယ်သမားများသို့ ပညာပေးဆောင်ရွက်ခြင်း။

 

ဆက်သွယ်ရန်လိပ်စာ - ရုံးအမှတ်(၁၅) ၊ ဇဝနလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ

ဖုန်းနံပါတ်                - ၀၆၇-၃၄၁၀ ၅၃၉ ၊ ၀၆၇-၃၄၁၀ ၅၀၅

အီးမေလ်းလိပ်စာ       -sework2@gmail.com

 

***အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း အသိပေးအပ်သည်***

http://iwumd.gov.mm/