အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးကဏ္ဍ

မွေးမြူ‌ရေးသုတေသနဦးစီးဌာနမှဆောင်ရွက်မည့် ငါးကဏ္ဍသုတေသနလုပ်ငန်းများ

စဉ်

သုတေသနခေါင်းစဉ်

သုတေသနစခန်း

၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းဆောင်ရွက်မည့် သုတေသနလုပ်ငန်းများ

ငါးပြေမ (Anabas testudineus, Climbing Parch) များအား ဖော်စပ်စာ အမျိုးမျိုးကျွေး၍ အရည်အသွေးကောင်းမွန်သော မျိုးငါးမွေးမြူထုတ်လုပ်နိုင် ရန်  သုတေသနပြုခြင်း

မန္တလေး

တိုင်းရင်းငါးသလဲထိုး (Lepidocephalus berdmorei, Burmese loach) အား ငါးမှုန် အဆင့်မှ စျေးကွက်ဝင်အရွယ်အစားအထိ အမြောက်အမြား မွေးမြူထုတ်လုပ် နိုင်ရန် စမ်းသပ် သုတေသနပြုခြင်း

မန္တလေး

တိုင်းရင်းငါး ငါးသလဲထိုးငါးမှုန် (Lepidocephalus berdmorei, Burmese loach)အား မတူညီသော အစာများဖြင့် ကြီးထွားနှုန်းအား နှိုင်းယှဉ် သုတေသနပြုခြင်း

မန္တလေး

အပင်နှင့်ငါး(တီလာပီးယား Oreochromis niloticus နှင့် ရွှေဝါငါးကြင်း Cyprinus carpio)တွဲဖက်၍ပတ်ဝန်းကျင်အကျိုးပြုမြေမဲ့စိုက်ပျိုးမွေးမြူရေး စနစ် (Aquaponics)ဖြင့် စမ်းသပ်သုတေသနပြုခြင်း

မန္တလေး

အပင်နှင့် ငါး(မျိုးစပ်ငါးခူ Clarias macroceplaus gariepinus, Hibrid catfish) တွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြု မြေမဲ့ စိုက်ပျိုးမွေးမြူရေးစနစ် (Aquaponics)ဖြင့် စမ်းသပ်သုတေသနပြုခြင်း

ရေဆင်း(အမှတ်  ၂ မော်တော် ယာဉ် တပ်

အပင်နှင့် ငါး(ထိုင်းငါးခုံးမကြီး)(Puntius gonionotus, Tarpian) တွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြုမြေမဲ့စိုက်ပျိုးမွေးမြူရေးစနစ်(Aquaponics)ဖြင့်စမ်းသပ် သုတေသနပြုခြင်း

ရေဆင်း(အမှတ်  ၂ မော်တော် ယာဉ် တပ်)

အပင်နှင့် ငါး(တိုင်းရင်းငါးမျိုး-ငါးဖန်းမ)တွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြု မြေမဲ့ စိုက်ပျိုး မွေးမြူရေးစနစ် (Aquaponics)ဖြင့် စမ်းသပ်သုတေသနပြုခြင်း

ရေဆင်း

မွေး/သု

အောရီးယပ်စ်တီလားပီးယား(Oreochromis aureus)  ငါးသားပေါက်များအား ငါးပေါင်းမှုန့်ဖော်စပ်စာနှင့် ဘဲစာရွက်ဖော်စပ်စာတို့ကို ကျွေးမွေး၍ ရှင်သန် ကြီးထွားနှုန်း အားနှိုင်းယှဉ်သုတေသနပြုခြင်း

မန္တလေး

ငါးရှဉ့် (Monopterus albus, Mud eel) မျိုးငါးများကို မတူညီသော ဟော်မုန်းဆေး (၄)မျိုး ထိုးနှံပြီး မျိုးအောင်နှုန်း၊ ဉချနှုန်းနှင့် အကောင်ပေါက်နှုန်းအား တိုင်းတာ သုတေသနပြုခြင်း

မန္တလေး

၁၀

ငါးရှဉ့် (Monopterus albus, Mud eel) သားပေါက်လေးများကို မတူညီသော အစာ(၄)မျိုးကျွေးမွေး၍ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းအား နှိုင်းယှဉ်သုတေသန ပြုခြင်း

မန္တလေး

၁၁

ငါးဇင်ရိုင်း(Mystus pulcher, Dwarf Catfish) မျိုးငါးများကို ဖော်စပ်စာ အမျိုး မျိုးကျွေး၍ အရည်အသွေးကောင်းမွန်သော သားပေါက်များ မွေးမြူထုတ်လုပ် နိုင်ရန် နှိုင်းယှဉ် သုတေသနပြုခြင်း

 

မန္တလေး

၁၂

ငါးဇင်ရိုင်း (Mystus pulcher, Dwarf Catfish)သားပေါက်များအား မတူညီ သောအစာများကျွေး၍ အသားတိုးမွေးမြူထုတ်လုပ်နိုင်ရန် စမ်းသပ်သုတေသန ပြုခြင်း

မန္တလေး

၁၃

နိုင်းလ်တီလားပီးယား (Oreochromis niloticus, Nile Tilapia) များအား Biofloc အစာ တစ်မျိုးတည်းကျွေး၍ Water Recirculatory System အသုံးပြု ပြီး ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်း သုတေသနပြုခြင်း

မန္တလေး

၁၄

တိုင်းရင်းငါးရံ့ (Channa micropeltes, Giant Snakehead)ကို မတူညီသော အစာ ကျွေးခြင်း၊ အစာဖြတ်ခြင်း စက်ဝန်းလည်ပတ်ပုံ (Cycles of Deprivation and Re-feeding in the Experiment) ၏ အကျိုး သက်ရောက်မှုကို စမ်းသပ် သုတေသနပြုခြင်း

မန္တလေး

၁၅

တိုင်းရင်းငါးခူ(Clarias batrachus, Cat fish)ကို မတူညီသော ဟော်မုန်းဆေး (၃)မျိုးဖြင့် ဆေးထိုးသားဖေါက်ပြီး မျိုးအောင်နှုန်း၊ ရှင်သန်နှုန်းနှင့်ကြီးထွားနှုန်း တို့အား စမ်းသပ် သုတေသနပြုခြင်း

မန္တလေး

၁၆

ကကတစ်(Latest calcarifer, Seabass)ငါးသားပေါက်များကို မတူညီသော အစာများကျွေးမွေး၍ သားပေါက်များ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများအား စမ်းသပ်သုတေသနပြုခြင်း

ကျွန်းစု

၁၇

ပုစွန်ကျား (Penaeus monodon, Giant Tiger Prawn)  မျိုးစိတ်အားသား ဖောက်ခြင်းနှင့်သားပေါက်များရှင်သန်နှုန်းနှင့်ကြီးထွားနှုန်းတို့အားသုတေသန ပြုခြင်း

ဝမော်

၁၈

ငါးဖယ်အောင်း/ငါးဖန်းမ(Osteobrama alfredianus, Rohtee) မျိုးစိတ်အား ဟော်မုန်းဆေး ဖြင့် ဆေးထိုးသားဖောက်ပြီးသားပေါက်များ၏ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများကို သုတေသန ပြုခြင်း

ပန်းတနော်

၁၉

တောင်ပေါ်ငါးသားလောက်(Prochilodus lineatus,  Streaked Prochilod) မျိုးစိတ်ကို ဆေးထိုးသားဖောက်ပြီးသားပေါက်များ၏ ရှင်သန်နှုန်း၊ကြီးထွားနှုန်း တို့အား သုတေသနပြု ခြင်း

ပန်းတနော်

၂၀

မနောသုခမျိုးစပါးခင်းအတွင်း ငါးဖန်းမ(Osteobrama alfredianus, Rohtee ) ထည့်သွင်း မွေးမြူ၍ ကြီးထွားနှုန်းကို သုတေသနပြုခြင်း

ရေဆင်း

မွေးသုဦးစီး+

စိုက်သုဦးစီး