အဓိကအကြောင်းအရာသို့ သွားမည်
x

ပင်လယ်လိပ် လိပ်လှောင်း (Olive Ridley) သားပေါက်များ ပင်လယ်ပြင်သို့ လွှတ်ပေးခြင်း

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်သိမ်းရေးအဖွဲ့ - WCS တို့သည် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ အဏ္ဏဝါထိန်သိမ်းရေးအစီအစဉ်အရ ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှုဧရိယာအား ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီဒေသတွင် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှုဧရိယာအတွင်းရှိ စေတီကွင်းကျေးရွာအောက်ဘက် ပုန်းညက်ပင်ကျေးရွာအနီးကမ်းခြေ ပင်လယ်ထိန်းသိမ်းရေးဇုံ (၁)ရှိ လိပ်လှောင်းဥကျင်းမှ ပေါက်ဖွားသည့် ကျန်းမာသန်စွမ်းသော လိပ်လှောင်း (Olive Ridley) သားပေါက်ငယ် (၇၈)ကောင်အား ကျိန္တလီဒေသကမ်းနီးရေလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအသင်း - KIFCA မှ အသင်းသားများနှင့်အတူ (၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀)နာရီအချိန်ခန့်တွင် ပင်လယ်ပြင်သို့ လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။