အဓိကအကြောင်းအရာသို့ သွားမည်
x

ကျေးရွာအဆင့် ခေါင်းဆောင်မှုဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး  ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ ကျေးရွာအဆင့်ခေါင်းဆောင်မှု ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီက အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ခေါင်းဆောင်မှုပုံစံ များကိုလည်းကောင်း၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက ကောင်းမွန်သည့် ခေါင်းဆောင်မှုနှင့် ညံ့ဖျင်းသည့် ခေါင်းဆောင်မှု၊ ခေါင်းဆောင်ကောင်း၏ အခန်းကဏ္ဍ၊ ကောင်မွန်သော ဆက်သွယ် ဆောင်ရွက်မှု၊ ခေါင်းဆောင်ကောင်တစ်ဦး ပြုကျင့်ရမည့်အမူအကျင့်၊ ကျေးရွာတွင်ထားရှိရမည့် စိတ်ဓါတ် စသည့်အကြောင်းအရာများကိုလည်း ရှင်းလင်းသင်ကြားပို့ချပေးသည်။
အဆိုပါ Video Conferencing  စနစ်ဖြင့်ကျင်းပသည့် ကျေးရွာအဆင့် ခေါင်းဆောင်မှု ဆင့်ပွား သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်း ၇၉ ဦး တက်ရောက် ကြကြောင်း သိရသည်