အဓိကအကြောင်းအရာသို့ သွားမည်
x

ထနီးရေထိန်းတံခါးအနီး သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးသိန်း မျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှည်စဥ်ဆက်မပြတ် ငါးသယံဇာတများ ဖွံဖြိုး တိုးတက်စေရေး/လူတစ်ဦးချင်း ငါးစားသုံးမှု တိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မအူပင်မြို့နယ် ထနီးရေထိန်း တံခါးမှ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ထနီးရေထိန်းတံခါးမှ သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို(၂၁.၆.၂၀၂၁)ရက်နေ့တွင် မအူပင်မြို့နယ် ထနီးရေထိန်း တံခါးအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးညီညီထွေးနှင့် ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာများ၊ ရေလုပ်သားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀)ဦး တက်ရောက်ကြပြီး တလုပ်လှငါးလုပ်ငန်းစခန်းနှင့်အောင်ဟိတ်ငါးလုပ်ငန်းစခန်းတို့မှ ငါးမြစ်ချင်း/ငါးခုံးမကြီး (၂) လက်မအရွယ် ငါးသားပေါက် ကောင်ရေ(၅၀၀၀၀၀)အား ထနီးရေထိန်းတံခါးမှ သဘာဝ ရေပြင်အတွင်းသို့ စုပေါင်းပီး ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။