အဓိကအကြောင်းအရာသို့ သွားမည်
x

ကရင်ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲတက်ရောက်

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝမြစ်ချောင်းအင်းအိုင်များ ဆည် တမံ ကန်များနှင့် သဘာဝရေပြင်များအတွင်း ငါးသယံဇာတများတိုးပွားလာစေခြင်းဖြင့် ကျေးလက် နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးစေရန်ရည်ရွယ်၍ ဩဂုတ် ၁၇ရက် နံနက် (၈:ဝဝ) နာရီတွင် ဘားအံမြို့၊ ဘားကပ်ကျေးရွာ၊ မြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် ငါးလုပ်ငန်းဦးဌာနမှူး ဦးစုံမိုင်း၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်/ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ခရိုင်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ ဝင်များတက်ရောက်ခဲ့ပြီး သံလွင်မြစ်အတွင်းသို့ ဘားအံငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော ၂ လက်မ အောက်ခံအရွယ် ငါးမြစ်ချင်းကောင်ရေ ၈၀၀၀၀ နှင့် ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ စုစုပေါင်းကောင်ရေ ၁၃၀၀၀၀ အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။