အဓိကအကြောင်းအရာသို့ သွားမည်
x

တိုင်းဒေသကြီးအစိုးအရအဖွဲ့မှ ထောက်ပံ့သည့် လယ်ယာသုံးထွန်စက် သုံးစီးနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်သမဝါယမဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာမြေများကို ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ငှားရမ်းထွန်ယက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန်၊ သီးနှံဝင်ငွေတိုးပွားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေး သည့် New Holland(T.40) ထွန်စက်သုံးစီးနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်သမဝါယမဦးစီး ဌာနသို့လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ(၇)ရက် နံနက်(၉)နာရီခွဲက မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနရုံးတွင် ကျင်းပသည်။

အဆိုပါ လယ်ယာထွန်စက်သုံးစီးနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးလက်နေတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ငွေကြေး အကုန်အကျ သက်သာစွာဖြင့် လယ်ယာမြေ ပြုပြင်ခြင်းကိစ္စများကို ဆောင်ရွက်သွားနိုင်ရန်နှင့် သီးနှံစိုက်ပျိုးထုတ်လပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ ပေးပို့အပ်နှံထားသည့် New Holland (T-40) ထွန်စက်သုံးစီးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်သမဝါယမဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် ယခု လွှဲပြောင်းပေးအပ်သည့် လယ်ယာသုံးထွန်စက် များကို ဒေသခံတောင်သူများ ရေရှည်ငှားရမ်း အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်း သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးပို့သည့် New Holland(T-40) ထွန်စက်သုံးစီးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးတင်အုန်းတို့က လက်ခံရယူခဲ့သည်။