အဓိကအကြောင်းအရာသို့ သွားမည်
x

မြို့နယ်ဦးစီးဌာနမှူး လုပ်ငန်းခွင်သင်တန်းအမှတ်စဉ် (၂/၂၀၂၁-၂၀၂၂) ဖွင့်လှစ်

စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စက်မှုလယ်ယာသင်တန်း ကျောင်း၊ရေဆင်း၌(၂၇-၁၂-၂၀၂၁)ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် မြို့နယ်ဦးစီးဌာနမှူး (လုပ်ငန်းခွင်) သင်တန်းအမှတ်စဉ် (၂/၂၀၂၁-၂၀၂၂)အား Online Training Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်ပြီး သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်မှ   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း) မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား မြို့နယ်ဦးစီးဌာနမှူးများ တက်ရောက်ခဲ့ပါသည်။

 အဆိုပါသင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူး ပြောင်းရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များ၊ နည်းပညာသစ်စက်ကိရိယာများနှင့် စက်မှု လယ်ယာဗဟုသုတများ၊ ခေတ်နှင့်အညီပြောင်းလဲလာသော လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်း များ၊ စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည်များကို စက်မှုလယ်ယာဦးစီး ဌာနရှိ ဌာနခွဲအသီးသီးမှ ပို့ချသင်ကြားပေးသွားမည် ဖြစ်ပါသည်။

မြို့နယ်ဦးစီးဌာနမှူးများသည်    မိမိတို့တာဝန်ထမ်းဆောင်ရာ   နယ်ပယ်အသီးသီး၌ စက်မှု လယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်များအား    အကောင်အထည်ဖော်   ဆောင်ရွက်ရာမှာ သိသင့် သိထိုက်သည့်စီမံချက်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နည်းပညာများကို သိရှိနားလည်စေပြီး လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

          သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်(၁၂)ခုမှ စက်မှုလယ်ယာစခန်း၊ မြို့နယ်ဦးစီးဌာနမှူး (၄၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂၇-၁၂-၂၀၂၁)ရက်နေ့မှ (၆-၁-၂၀၂၂) ရက်နေ့ထိ ဖြစ်ပါသည်။