အဓိကအကြောင်းအရာသို့ သွားမည်
x

တနိုင်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်ခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင်  စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီး ဌာနမှူးရုံး၊စက်မှုလယ်ယာစခန်း(ဆွယ်)၊ တနိုင်းမြို့မှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ၎င်းရုံး၌ ဖွင့်ပွဲအခမ်းအနားကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးမှ တောင်သူများ၏ အကျိုးအလို့ငှာ မြေလွတ်မြေရိုင်းများပေါ်တွင် စိုက်ပျိုးမြေဖော်ထုတ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး လယ်မဲ့၊ ယာမဲ့တောင်သူများအား ခွဲဝေပေးအပ်ခဲ့ကြောင်း စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ ကျင့်သုံးရေးအနေဖြင့် တောင်သူများ၏ လိုအပ်ချက်များ တွေ့ကြုံရသော အခက်အခဲများကို သိရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏  လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်စနစ်နဲ့အညီ ပြောင်းလဲ ကျင့်သုံးလာသော  လယ်ယာသုံးစက်ကိရိယာများအား အသုံးပြုရာတွင် ကျွမ်းကျင်၍ ပျက်စီးဆုံးရှုံးမှု နည်းစေရန်အတွက် နည်းစနစ်မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ တနိုင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်မှ သင်တန်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ပြောကြားပြီး သင်တန်းကို တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီးမှ တောင်သူသင်တန်းသားအား ထွန်စက်နှင့်ထွန်ယက်ကိရိယာ စာတွေ့၊ ထွန်စက်နှင့်ထွန်ယက်ကိရိယာများ ထိန်းသိမ်းမှုလက်တွေ့၊ စက်မှုလယ်စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းစာတွေ့၊ ထွန်စက်ကြီးလက်တွေ့ မောင်းနှင်လေ့ကျင့်ခြင်းနှင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်မှု ဗွီဒီယိုပြသခြင်းနှင့်  သင်တန်းသား(၃၀)ဦးအား တစ်ရက်လျှင် (၇)ချိန် နှုန်းဖြင့် (၁၂)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။