အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

     မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲကို နိုဝင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန် က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗ်ရှ် ရှာတီရော့ဗ် နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

     ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လယ်ယာကုန်ထုတ်လုပ်မှုတွင် ရုရှားနိုင်ငံ ပုဂ္ဂလိက လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံ၏ လယ်ယာ၊ သား၊ ငါး  ဆိုင်ရာ ကုန်သွယ်မှုအခွင့်အလမ်းများ၊ လယ်ယာသွင်းအားစုလုပ်ငန်းများ နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။