အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် စိုက်ပျိုးရေး သိပ္ပံ(မြောင်းမြ) ရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ

     ၂၀၂၃ ခုနှစ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အသက်မွေးပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင် သူများကို မွေးထုတ်ပေးလျက်ရှိသည့် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ) တွင်ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ ခဲ့ပါသည်။
   ဒုတိယဝန်ကြီးမှတွေ့ဆုံခဲ့ရာ ကျောင်းသားကျောင်းသူများကို ဦးစွာမိတ်ဆက်၍ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းပြီး၍လုပ်ငန်းခွင် ဝင်ရန်အတွက် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုသူ၊ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်လိုသူ ၊ ပညာဆက်လက်ဆည်းပူးလိုသူ အစရှိသဖြင့် ၎င်းတို့၏ဆန္ဒများအား ဦးစွာမေးမြန်းကာ မိမိအနေဖြင့် လုပ်ငန်းခွင်ဝင်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် အတတ်ပညာများရရှိ၍ ပြန်လည်အသုံးချနိုင်သူများဖြစ်ကာ မိမိနှင့်မိမိပတ်ဝန်းကျင်အားပြန်လည် အကျိုးပြုနိုင်သူများဖြစ်စေ လိုပါကြောင်း၊ ယနေ့ခေတ်တွင် ရေပန်းစားလာသည့် ဒီဂျစ်တယ်နည်းပညာအား အသုံးပြု၍ စိုက်ပျိုးရေးနှင့်ဆိုင်သည့်နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများ များကိုကြည့်ရှုလေ့လာကာ ကိုယ်တိုင် တီထွင်နိုင်သူ လူငယ်များ ဖြစ်စေလိုကြောင်း၊ ပညာရေးကိုဆက်လက် လျှောက်လှမ်းရန် ရည်မှန်းချက် ထားသူများ အနေဖြင့်လည်း စိုက်ပျိုးရေးတက္ကသိုလ်သို့လည်း ဆက်လက် တက်ရောက် စေလိုပါ ကြောင်း၊ လူငယ်ဟူသည် Innovative( ဆန်းသစ်တီထွင်မှု ) ,Inclusive ( အားလုံးလွှမ်းခြုံနိုင်မှု၊ပါဝင်နိုင်မှု)၊ Industrious(လုံလ ဝီရိယရှိမှု)၊ Informative (သတင်းအချက်အလက်နှင့် အသိပညာပေးခြင်းသည်) စသည့် အချက်များနှင့် ပြည့်စုံကာ တိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း၊ မတူကွဲပြားမှုများကို မြှင့်တင်ရန်နှင့် ပေါင်းစည်းမှုကို အခြေခံတန်ဖိုး အဖြစ်ရှုမြင်ခြင်း၊ ရည်မှန်းချက်များအောင်မြင်ရန်နှင့် တိုးတက်မှု ၊ အကြောင်းအရာတစ်ခု သို့မဟုတ် ပြဿနာ တစ်ခုနှင့် ပတ်သက်၍ နားလည်မှု သို့မဟုတ် အသိအမြင်ကို တိုးမြင့်လာစေသည့် တန်ဖိုးရှိသော အချက်အလက် သို့မဟုတ် အသိပညာကို ပေးဆောင်ခြင်း စသည့် အရည် အချင်း များကိုပိုင်ဆိုင်သည့် အနာဂတ်၏ အားထား ရသည့် အဖိုးတန် လူငယ်များ ဖြစ်လာ ကြမည်ဖြစ် ကြောင်း ပြော ကြားပါသည်။
 
Source : စိုက်ပျိုးရေးသုတေသနဦးစီးဌာန - Farmer Channel