အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ

     စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် သည် ပဲခူးတိုင်း ဒေသကြီးရှိ ဒေသခံတောင်သူများနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၂၆)ရက် နေ့ က တွေ့ဆုံခဲ့ပါသည်။
    စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသအလိုက်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာစေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဌာနခွဲ သုတေသနဗဟိုဌာန လက်ပံတန်းခြံ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအားဆွေးနွေးမှာကြားပါသည်။
   ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်းလှမြို့နယ် ညောင်နီကုန်းကျေးရွာရှိ တောင်သူများပူးပေါင်းပါဝင်ထားသည့် အသက်ရက် (၆၀) ရှိ သက်တမ်းတို ရက်(၉၀) မျိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်းကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
   ထို့နောက် ဒုတိယဝန်ကြီးသည် မင်းလှမြို့နယ် ရွှေဝါမြိုင်ရှေ့တန်းစခန်း နည်းပညာ ပြန့်ပွားရေးစခန်းတွင်ကျင်းပသည့် တောင်သူများ ပူးပေါင်းပါဝင်သော သီးနှံမျိုးစေ့ထုတ်လုပ်ရေး နည်းပညာပေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး တောင်သူများကိုယ်တိုင်ပါဝင်သော မျိုးစေ့ထုတ် လုပ်ငန်း များဖွံ့ဖြိုးလာစေရေးနှင့် မျိုးကောင်းနှင့်မျိုးသန့် သုံးစွဲမှုတိုးတက်လာစေရေး သီးထပ် စွမ်းအားတိုးတက်ရေး ဆောင်ရွက်ရာတွင် မြေမမောစေရေးအတွက် လိုအပ်သော အများလိုအဟာရဓာတ်များနှင့် အနည်းလို အဟာရဓာတ်များ ပုံမှန်ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိသည့် သဘာဝမြေဆွေးကို ကျယ်ကျယ်ပြန့် ထုတ်လုပ် သုံးစွဲခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို စဉ်ဆက်မပြတ်ကောင်းမွန်ရန် ဆောင်ရွက်ကြရန် ပြောကြား ပါသည်။
   ဆက်လက်၍ ဒုတိယဝန်ကြီးသည် နတ်တလင်းမြို့နယ်ကျ ခတ်ဝါးရုံ အုပ်စု ကွင်းအမှတ်(၂၅၉)တောင်သူ ဦးခင်ဇော်၏ ရွှေနံ့သာ ပေါ်ဆန်းမွှေး မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်းကိုကြည့်ရှုပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံကာ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် အထွက်ကောင်း မျိုးစပါးများ လျင်မြန်စွာဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီ များအနေဖြင့် မျိုးစေ့ ထုတ်လုပ်မှုတွင် မျိုးကွဲများသန့်စင်ဖယ်ထုတ်နိုင်သည့် မျိုးစေ့သန့်စင် စက်များသန့်စင်အသုံးပြုရေး မှာကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်မြို့နယ် နတ္တလင်း ကျေးရွာရှိ မိုးနေကြာ စပ်မျိုးနေကြာ(၁)မျိုးစေုထုတ်စံပြစိုက်ခင်းအားလမ်းကောင်း၊ မွေရိုး အုပ်စု မိန်းမရဲ ကျေးရွာရှိ မိုးနေကြာ ဆင်းရွှေကြာ(၂) စိုက်ခင်းများ များအားကြည့် ရှုပြီး အလားအလာပေါင်းသော ဆင်းရွှေကြာ(၂) မျိုးမြှင့်တင်ရေး အစီအစဉ်ကို စီမံချက်ရေး ဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
 
 
Source : စိုက်ပျိုးရေးသုတေသနဦးစီးဌာန - Farmer Channel