အဓိကအကြောင်းအရာသို့ သွားမည်
x

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများ မအူပင်မြို့ရှိ တလုပ်လှငါးလုပ်ငန်းစခန်းသို့ လာရောက်လေ့လာ

          ရန်ကုန်ကတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများသည် အုပ်ချုပ်သူ ဆရာ/ဆရာမများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ တလုပ်လှ ငါးလုပ်ငန်းစခန်းသို့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈နာရီက လေ့လာရေး လာရောက်ခဲ့သည်။

လေ့လာရေး ကျောင်းသားကျောင်းသူများအား မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးမှူးဦးဆန်းဝင်း မှ မအူပင်ခရိုင်အတွင်း ငါးလုပ်ငန်းကဏ္ဍဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်၊ ဆက်လက်ပြီးငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းမှ ငါးလုပ်ငန်းစခန်း၏ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။   ထို့နောက် ကျောင်းသားကျောင်းသူများအား ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်ငါးသန်ပြုစုထားရှိခြင်း၊  ငါးသန်များ မျိုးစိုက်ထည့်ရန်အတွက် ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လက်တွေ့ပြသ ပြုလုပ်စေခြင်းနှင့် ဦးအောင်ကျော်၏ စပါး-ငါး စံပြ စိုက်ကွင်းအတွင်း ငါးသားပေါက်များလွှတ်ခြင်းစသည့်တို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ အုပ်ချုပ်သူဆရာ ဆရာမများခေါင်းဆောင်၍ ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၁ ဦး လာရောက်လေ့လာခဲ့ကြောင်း သိရသည်။