အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်သူများကိုယ်တိုင်ပါဝင်သော အလားအလာကောင်းသည့်ယာစပါးမျိုးရွေးချယ်

     လယ်စပါးမျိုးများနေရာတွင် မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် ယာစပါးမျိုးများ အစားထိုးပေးနိုင်ရေး အတွက် ရေငတ်ခံယာစပါးမျိုးများ မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများကို ရေမိုးမသေချာ၍ ဆည်ရေမရနိုင်သော မိုးနည်းရပ်ဝန်း မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး စားသုံးမှုနှင့် အထွက်နှုန်းသင့်တင့်သော ရေငတ်ခံယာစပါးမျိုးများ ရရှိရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။
     ထိုသို့ဆောင်ရွက်လျက် ရှိရာ တောင်သူများကိုယ်တိုင်ပါဝင်သော အလားအလာကောင်းသည့် မြေပြန့်နှင့်တောင်ပေါ်ကုန်းမြင့် ယာစပါးမျိုးမွေးမြူရွေးချယ်ခြင်း ၊အခမ်းအနားကို ၂၂၀၂၃ ခုနှစ် စက်တင်ဘာ(၉)ရက် နံနက်ပိုင်းတွင်နေပြည်တော်ဇေယျသီရိ မြို့နယ် ရေဆင်း၌ ကျင်းပသည်။
     အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာတင်ထွဠ်၊ ဦးဗိုလ်ဗိုလ်ကျော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် အားပေးကြပြီး၊ တောင်သူများ နှင့်အတူစိတ်ကြိုက် မျိုးများ ရွေးချယ်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
 
Source : စိုက်ပျိုးရေးသုတေသန - Farmer Channel