အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အားလက်ခံတွေ့ဆုံပြီး မြန်မာ-အိန္ဒိယ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

  တွေ့ဆုံစဉ် စက်မှုလယ်ယာစခန်းခွဲများကို အဆင့်မြှင့်တင်၍ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစီမံကိန်းနှင့် မြန်မာနိုင်ငံဆည်မြောင်းဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အိန္ဒိယနိုင်ငံမှ အရည်အသွေးကောင်းမွန်သော ပဲမျိုးစုံနှင့် ကြက်သွန်နီမျိုးစေ့များ၊ ပိုးမွှားဒဏ်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိပြီး ဂွမ်းမွေးအရည်အသွေးကောင်းမွန်သည့် ဝါမျိုးသစ်များ ရရှိရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သုတေသနပညာရှင်များ ပူးပေါင်း၍ ဝါမျိုးသစ်ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာများ၊ အိန္ဒိယနိုင်ငံ အာသံစိုက်ပျိုးရေးတက္ကသိုလ်၌ လက်ဖက်စိုက်ပျိုးနည်းပညာ အထူးပြုစေလွှတ်နိုင်ရေး၊ နို့စားနွားမွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်းများအဆင့်မြှင့်တင်မှု နည်းပညာဖြန့်ဝေရေး၊ ပြည်တွင်းနေကြာစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်လျက်ရှိသည့်မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

Source : မြဝတီသတင်းစာ