အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၉.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ခန်းမဆောင်၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်၊  စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး /ပြည်နယ်များမှ သင်တန်းသား(၄၀)တက်ရောက်ကြသည်။

အခန်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျွမ်းကျင်မှု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ဒေသအသီးသီးမှ သင်တန်းသားများသည် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်းပြောကြားသည်။

ယင်းနောက်ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းပြီးမြောက်ခြင်း လက်မှတ်များနှင့် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်၍ စက်ကိရိယာပြင်ဆင်ရေးအလုပ်ရုံနှင့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သင်တန်းဆင်းသည့်  လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းသည် ကာလရှည်(၁)နှစ်သင်တန်းဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုပညာရပ် များသာမက စက်ပြင်ဆင်မှုပညာရပ်များကိုပါ တပြိုင်တည်းကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့၊လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် သင်တန်းဖြစ်ပြီး အဓိက ဘာသာရပ်(၈)မျိုး ဖြစ်သည့် ထွန်စက်ကြီးနှင့်တွဲဖက်ကိရိယာအမျိုးမျိုး မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ လက်တွန်းထွန်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်၊ ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေး ဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းနည်းနှင့် ပြင်ဆင်ရေးဘာသာရပ်များအပြင် အထောက်အကူပြု ဘာသာရပ် များဖြစ်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အလုပ်ရုံသုံးကိရိယာများ၊ အခြေခံလျှပ်စစ် ပြုပြင်ထိန်းသိမ်းနည်းနှင့် Life Skills & 5S Methodology (Sort, Set in Order, Shine, Standardize and Sustain) တို့အား သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။