အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်ကုတ်မြို့၌ အယ်လ်နီညိုရာသီဥတုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြော

တောင်ကုတ် အောက်တိုဘာ

       ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ငါးလုပ်ငန်းဆောင်ရွက်နေသူများအား အယ်လ်နီ ညိုရာသီဥတုဖြစ်ပေါ်မှုကြောင့်  ငါးကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၁၅ ရက်နေ့က  တောင်ကုတ်မြို့၊ ကုလားရောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ နေ့လယ်၁၂ နာရီတွင် ကျင်းပသည်။

    အဆိုပါဟောပြောပွဲတွင်   တောင်ကုတ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးညီထွေးက အယ်လ်နီညိုကြောင့် သမုဒ္ဒရာအပေါ်လွှာအား ပူနွေးစေပြီး၊ ပင်လယ်ကြမ်းပြင်ရှိ အစာအာဟာရများသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိရန် နှေးကွေးစေသောကြောင့် ရေသတ္တဝါ များ၏ အစာအရင်းအမြစ်များလျော့နည်းစေခြင်း၊ ရေအရင်းအမြစ်များ   ရေအရည်အသွေး ၊ရေသတ္တဝါ များ၏ အစာကွင်းဆက်များကို အကျိုးသက်ရောက်   ထိခိုက်စေနိုင်သဖြင့်      ကြိုတင်ကာကွယ် ပြင်ဆင်မှုများ  ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောရာ   ပုစွန်မွေးလုပ်ငန်းရှင်များ၊ ငါးဖမ်းလုပ် ငန်းဆောင်ရွက်နေသူများ၊ အလယ်တန်းအဆင့်ကျောင်းသား/သူများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။