အဓိကအကြောင်းအရာသို့ သွားမည်
x

ဘားအံမြို၌ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့်ငါးကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဟောပြောဆွေးနွေး

       ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့်ငါးကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့က ဘားအံမြို့နယ်၊ ရွှေတောကျေးရွာနှင့် ဘားအံငါးလုပ်ငန်းစခန်းတို့၌ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူတောင်သူများ အား အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။

           အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာမျိုးမင်းလှိုင်၊ ကော့ကရိတ်ခရိုင်ဦးစီးဌာနမှူး၊ ဘားအံခရိုင် တာဝန်ခံ နှင့် ဘားအံငါးလုပ်ငန်းစခန်းတာဝန်ခံတို့မှ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးကန် များရှိ ကန်ရေများရေငွေ့ပျံပြီး ရေလျော့နည်းလာခြင်း၊ ကန်ထဲရှိငါးများ၏ စွန့်ပစ် အညစ်အကြေး များကြောင့် ရေထုညစ်ညမ်းလာခြင်း၊ ရေထုညစ်ညမ်း၍ ကန်အတွင်းရှိ ငါးများ ရောဂါများကျ ရောက်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေးပြော ကြားပြီး ဘားအံ မြို့နယ်ရှိ ရွှေတော၊ တောင်သူကုန်း၊ ကျုံဖဲ၊ နောင်ထလုံး ကျေးရွာ အုပ်စုများမှ ငါးမွေးမြူသူ၊ အင်းလုပ်ငန်းလုပ်ကိုင်သူ(၅၀)ဦး တက်ရောက်ခဲ့ကာ ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနဝန်ထမ်းများမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။