အဓိကအကြောင်းအရာသို့ သွားမည်
x

ဝမ်းတွင်းမြို၌ အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ငါးမွေးမြူရေးလုပ်ငန်းများကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ကူမဲငါးလုပ်ငန်းစခန်းက အယ်လ်နီညိုရာသီ ဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ငါးမွေးမြူရေးကဏ္ဍများအပေါ် အကျိုးသက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကျွဲတပ်ကျေးရွာတွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဉီးစောအောင်ကိုလတ်မှ အယ်လ်နီ ညိုရာသီဉတုဖြစ်စဉ်ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်နစ်နာဆုံး ရှုံးမှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ရန်အချက်များ၊  အယ်လ်နီညိုဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်း၊ ငါးလုပ်ငန်းဉီးစီးဌာနမှ ပံပိုးကူညီဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှင်းလင်း​ဆွေးနွေး ခဲ့ကြောင်း သိရသည်။