အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး အတွက် ဌာန နှင့် ပုဂ္ဂလိကများ ပူးပေါင်း ဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာန နှင့် ပုဂ္ဂလိကများပူးပေါင်းဆောင်ရွက်ရန် ၊ ဈေးကွက် လိုအပ်ချက် ထုတ်လုပ်မှု ဟန်ချက်ညီ ဖြစ်စေရေး၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ချောများ အားကောင်း လာစေရန် ၊ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAHP-ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု သော ဈေးကွက် စံချိန်စံညွှန်းမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး ဆိုင်ရာများကို ဆွေးနွေး ကြသည်။

          တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင် အသင်းများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။