အဓိကအကြောင်းအရာသို့ သွားမည်
x

ပုသိမ်ကြီးမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒတောင်ကျေးရွာရှိ တောင်သူ ဦးကျော်မိုး၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၃-၄-၂၀၂၄) ရက်နေ့တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကျင်းပခဲ့ပါသည်။

အဆိုပါသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဆန်းအောင်၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးမျိုးလွင်ဦး၊ လယ်ယာသုံး စက်ကိရိယာ အရည်အသွေး စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမိုးအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ(၃၀)ခန့် တက်ရောက်ခဲ့ပြီး၊ ကြည့်ရှုသူ တောင်သူများကိုယ်တိုင် အဆိုပါလက်ဆွဲကောက်စိုက်စက်အား အသုံးပြု၍ လက်တွေ့ဝင်ရောက် စိုက်ပျိုးခဲ့ကြပါသည်။

အဆိုပါ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်သည် စိုက်ပျိုးတန်းကြား အကွာအဝေး (၂၃၀) မီလီမီတာ ၊ ပင်ကြားအကွာအဝေး (၁၀၀-၁၈၀) မီလီမီတာ ၊ တစ်ဧကပြီးစီးရန် ကြာချိန် (၁) နာရီ (၄၅) မိနစ်မှ (၂) နာရီခန့် ၊ အသုံးပြုအင်ဂျင်မြင်းကောင်ရေ (2) HP ၊ အလေးချိန် (၆၅) ကီလိုဂရမ်သာရှိပြီး တက်ရောက်လာသည့် တောင်သူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြပါသည်။