အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရေးဆင်းငါးသားဖောက်လုပ်ငန်းစခန်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၄ 

ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် နှစ်လက်မအရွယ် ငါးသားပေါက်များ မြစ်ချောင်း၊ အင်းအိုင်များတွင် တိုးချဲ့ထည့်သွင်းမွေးမြူရန် ငါးသားပေါက်များ တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် မွေးမြူထုတ်လုပ်သော ငါးများကို ဥရောပ (၂၆) နိုင်ငံမှ ဝယ်ယူစားသုံးလျက်ရှိသဖြင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေးအတွက် ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAqP)ဖြင့် မွေးမြူသော ငါးကန်များ ပိုမိုများပြားလာစေရန် စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား မြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းသို့ သွားရောက် စစ်ဆေးစဉ် ပြောကြားသည်။

ဆွေးနွေးမှာကြား ယင်းနောက် ဒုတိယဝန်ကြီးသည် မျိုးငါးမွေးမြူ ရေးကန်များ၊ ငါးသားပေါက်ပြုစု ထိန်းသိမ်းသည့် ကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေးဆင်း ငါးမွေးမြူရေးစခန်းကို ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်ဖြင့် မွေးမြူသည့် စံပြငါးစခန်း (GAqP Model Fam) ဖြစ်ရေး၊ ငါးသားပေါက်များ တိုးတက်ဖြန့်ဖြူး နိုင်ရေး၊ ငါးမွေးမြူသူများအတွက် ကောင်းမွန်သော ကျင့်စဉ်ဖြင့် မွေးမြူနည်းပညာသင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး၊ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားပေါက်သင်တန်း၊ အရည်အသွေးစစ်ဆေးခြင်း၊ တိုင်းတာခြင်းဆိုင်ရာ သင်တန်းနှင့် ငါးရောဂါဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိ သည့် ဇေယျာသီရိမြို့နယ် ရွှေပေးကျေးရွာ ကုန်ထုတ်လမ်းနှင့် ဥတ္တရသီရိ မြို့နယ် တောင်ညိုကျေးရွာ ကုန်ထုတ်လမ်း တည် ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ရွှေပေးကျေးရွာ ကုန်ထုတ်လမ်း သည် ၁ ဒသမ ၄ မိုင် အရှည်ရှိပြီး အကျယ် ၁၂ ပေရှိသည်။ တောင်ညိုကျေးရွာ ကုန်ထုတ်လမ်းသည် အကျယ် ၁၂ ပေရှိပြီး အရှည် ပေ ၇၀၀၀ ရှိသည်။
 
ထိန်းသိမ်းဆောင်ရွက် ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာလမ်း ဖောက်လုပ်ရေး ကြီးကြပ်မှုအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ ၍ လမ်းများ သတ်မှတ်အရည် အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်အတွင်း ပြီးစီးရေး၊ နိုင်ငံတော်မှ ကျေးရွာဖွံ့ဖြိုးရေးအတွက် ငွေကြေးအကုန် အကျခံ ဆောင်ရွက်ပေးသည့်လုပ်ငန်းများ ရေရှည်သုံးစွဲ နိုင်စေရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမြန်လမ်း၊ (၂၁၆) မိုင် (၅) ဖာလုံရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Myanmar C.P Company တို့ ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်၍ နို့စားနွားများနှင့် ပေါင်းခံပြီးနို့ (Pasteurised Milk) ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။

 

စနစ်တကျ ထိန်းသိမ်းကြပ်မတ် ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငလိုက် ဆည်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ငလိုက် ဆည်ရေပိုလွှဲ ပြုပြင်မှုကို ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန နေပြည်တော်တိုင်း အင်ဂျင်နီယာမှူးက ရေပိုလွှဲဆည်ပြုပြင်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ငလိုက်ဆည် သည် နေပြည်တော် (ပြည်ထောင်စုနယ်မြေ)ရှိ ဝန်ထမ်းများနှင့် ပြည်သူများ၏ သောက်သုံးရေ အတွက် အထူးအရေးကြီးသည့် ဆည်ဖြစ်သဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆည်အတွင်း ရေဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် လျော့ပါးလာခြင်းနှင့် ပတ်သက် ၍ လေ့လာသုတေသနပြု ဆောင်ရွက်သင့်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရေပိုရေလွှဲဧရိယာများတွင် သစ်ပင်များ တိုးချဲ့စိုက်ပျိုးရေးညှိနှိုင်းဆွေးနွေးရ မည်ဖြစ်ကြောင်း၊ ဒေသခံများက လည်း ဆည်ရေရှည် တည်တံ့ခိုင်မြဲရေး စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးမှာကြားသည်။

သတင်းစဉ်