ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရေးဆွေးနွေး
ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့က ဦးဆောင်ဆွေးနွေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေး၌ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မည့် ဆီထွက်သီးနှံများ၊ စားသုံးဆီကြိတ်ခွဲထုတ်လုပ်မည့် ဆီစက်လုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဌာနများက ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။