စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေး
နေပြည်တော် ဩဂုတ် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။