အဓိကအကြောင်းအရာသို့ သွားမည်
x

သတင်းထုတ်ပြန်ချက်

ရေဆင်းဆည်တွင် ကန်ရေပြည့်အမှတ်ရောက်ရန် ၇ ပေခန့်လိုနေသေးသဖြင့် ရေပိုလွှဲမှ မူလချောင်းသို့ ရေစီးဆင်းမှုပင် မရှိသေးကြောင်း သိရသည်။ လက်ရှိ ဖြစ်ပေါ်နေသော ရေဆင်းဆည် မှ ရေလွှတ်မည် ရေဖောက်ချမည် ဆိုသည့် သတင်းမှားများ သာဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေလှောင်တမံများ အနေဖြင့် ပေါင်းလောင်း ရေလှောင်တမံ ၌ ကန်ရေပြည့်အမှတ်ကျော်လွန်၍ ရေပိုလွှဲမှ ၆ ပေခန့် ရေကျော်ကျ လျက်ရှိပြီး ငလိုက်ရေလှောင်တမံ တွင် ကန်ရေပြည့်အမှတ် သို့ရောက်ရှိပြီ ဖြစ်ကြောင်း၊ ကန်ရေပြည့်အမှတ်ရောက်ရန် ဆင်သေတမံ တွင် (၁၉)ပေခန့် ၊ တောက်ပြိုတမံ နှင့် မဒန်းတမံတို့တွင် (၁၁)ပေကျော်၊ မြို့လှတမံတွင် (၁၃)ပေကျော်၊ ချောင်းမငယ်တမံတွင် (၅)ပေကျော်၊ ဖောင်းလောင်တမံ နှင့် သဲဖြူတမံ တို့တွင် (၃)ပေကျော် ၊ မုန်းချောင်းတမံ တွင် (၂)ပေ လိုသေးသည်။

ကန်ရေပြည့်အမှတ်ကျော်လွန်လာ၍ ရေပိုလွှဲမှ စီးဆင်းလျက်ရှိသော ပေါင်းလောင်း ရေလှောင်တမံမှ ရေများသည် မူလ ပေါင်းလောင်းချောင်းအတွင်း စီးဝင်၍ စစ်တောင်းမြစ်အတိုင်း စီးဆင်းလျက်ရှိသည်။