အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး နည်းပညာများလေ့လာရာတွင် AI apps များ ကို ထိရောက်စွာအသုံးချနိုင်ရေး ကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိရာ  စက်တင်ဘာလ(၂၈) နံနက်ပိုင်းက (၄၉)ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ တွင် “စိုက်ပျိုးရေး နည်းပညာများအား AI apps များ အသုံးပြုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည်။

သုတေသနနှင့်နည်းပညာပေးဝန်ထမ်းများအနေဖြင့် AI နည်းပညာကို အသုံးပြု၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန တို့မှ တာဝန်ရှိသူများ နှင့် ပညာရှင် (၆၉)ဦး ၊ Zoom ဖြင့် တက်ရောက်သူ(၁၄၀)ဦး စုစုပေါင်း (၂၀၉)ဦး တက်ရောက်ကြပြီး ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ မကြာမီအချိန် အတွင်း AI ကို မိမိတို့တောင်သူများနှင့် မိတ်ဆက်ပေး သွားမည်ဖြစ်ပါကြောင်း၊ AIမှတစ်ဆင့် တောင်သူများ အတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာနှင့် မိုးလေဝသဆိုင်ရာ အချက်အလက်များ ကို တောင်သူများကိုယ်တိုင် ရှာဖွေနိုင်စေနိုင် ရရှိစေနိုင်မည်ဖြစ်ခြင်းကြောင့် အဆိုပါ  AI မှ တောင်သူများအတွက် များစွာအထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနမှူး ဒေါက်တာ ကျော်စွာဝင်း က စိုက်ပျိုးရေး နည်းပညာများအား AI apps များအသုံးပြုလေ့လာခြင်း ခေါင်းစဉ်ဖြင့်   သိပ္ပံဉာဏ်ရည် (AI) နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကိုလည်းကောင်း ၊ သိပ္ပံဉာဏ်ရည် (AI)အား စနစ်တကျ အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ လက်ရှိအသုံးပြုလျက်နိုင်သည့် Chat GPT, DALL-E2, Whisper AI,စသည့် Open AI  နည်းပညာများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ Copilot AI အသုံးပြုခြင်း၊ Chat GPT အသုံးပြုခြင်းများနှင့် ဆက်စပ်၍ တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က ဖြည့်စွက်ဆွေးနွေးခြင်း၊ Chat GPT, Copilot, Perplexity, Felo, Poe ,Gemini စသည့်  AI များကို အသုံးပြု၍ စိုက်ပျိုးရေးသုတေသီများ၊ စိုက်ပျိုးပညာပေးများအတွက် အရေးပါ အသုံးတည့် စေမည့် မေးခွန်းများ နမူနာ မေးမြန်းခြင်းများကို လက်တွေ့သရုပ်ပြသ မေးမြန်းခြင်း၊ သုတေသီနှင့် နည်းပညာပေး ဝန်ထမ်း များ ၏ လက်ရှိ AI သုံးစွဲနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။