အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပေါင်းလောင်းဆည်ရေသောက်စနစ်အတွင်းရှိ တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့ပြီး ပေါင်းလောင်းဆည်ရေသောက်စနစ် တူးမြောင်းများနှင့် ရေပေးအဆောက်အအုံအချို့ ရေတိုက်စားထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပေါင်းလောင်းရေလွှဲဆည် ရေလျှံထိန်းတာပေါင်ရေတိုက်စားမှုကို ယာယီပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီအကုန် ပွင့်လင်းရာသီတွင် မူလဒီဇိုင်းပုံစံ အတိုင်း စနစ်တကျပြန်လည်ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်ရန် အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့ပတ်လမ်းနှင့် ပေါင်းလောင်းလက်ယာတူးမြောင်းမကြီး ပေတိုင် ၃၀၀၀ ဆုံသောနေရာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော တူးမြောင်းမကြီးကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင်နေမှုနှင့် ပေါင်းလောင်းရေသောက်စနစ်လက်ဝဲတူးမြောင်းမကြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုမရှိသည့် မိုးစပါးစိုက်ဧကများ စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ပေးသည်။

ယင်းနောက် ရေဆင်းရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရာဂီမုန်တိုင်းအလွန် ထိခိုက်ပျက်စီးမှုမရှိခဲ့သည့် မိုးစပါးစိုက်ဧကများ စိုက်ပျိုးရေပေးဝေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။