အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များအား တောင်ငူခရိုင် ငါးမြို့နယ်မှ တောင်သူများ လာရောက်လေ့လာ

ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်ခဲ့ရသည့် တောင်ငူ၊ ထန်းတပင်၊ ဖြူး၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်တို့မှ တောင်သူများသည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၌ သုတေသနပြုစိုက်ပျိုးထားရှိသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များ စိုက်ပျိုးထားရှိမှုကို လာရောက်လေ့လာကြသည်။

ရှင်းလင်းပြောကြား

အဆိုပါလေ့လာရေးအဖွဲ့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ကြိုဆိုနှုတ်ဆက်ပြီး စပါးမျိုးသစ်များနှင့် သီးနှံပေါင်းစုံမျိုးသစ်များ တောင်သူများလက်ဝယ် အမြန်ရောက်ရှိရေး၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးနှင့် လိုအပ်သော ထောက်ပံ့ကူညီရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြား သည်။

ကွင်းဆင်းလေ့လာ

ထို့နောက် လေ့လာရေးအဖွဲ့များက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော အရည်အသွေးကောင်း စပါးမျိုးများဖြစ်သည့် YSR-1 ၊ KQR-01 ၊ YQR-11 စပါးမျိုးများ၊ ရေအနည်းလို စပါးမျိုးများဖြစ်သည့် ရေအနည်းလို(၇)၊ YAR-14 ၊ ရေမြုပ်ခံစပါးမျိုးများဖြစ်သည့် ရေမြုပ်ခံ (၁)၊ ရေမြုပ်ခံ (၂)၊ ရေမြုပ်ခံ (၃) စပါးမျိုးများ၊ ဆည်ရေသောက်မျိုးများဖြစ်သည့် YIR-14 ၊ ရတနာတိုးစပါးမျိုးသစ်များနှင့် စပါးသီးနှံအပါအဝင် သီးနှံမျိုးစုံအတွက် စမ်းသပ်ထားသော ရွက်ဖျန်းအားဆေး၏ အကျိုး သက်ရောက်မှုစမ်းသပ်ကွက်တို့ကို ကွင်းဆင်းလေ့လာကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ အကြိမ် (၅၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသည်။

ယင်းနောက် လေ့လာရေးတောင်သူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်အအေးခန်းများတွင် ထိန်းသိမ်းထားရှိသော နိုင်ငံတစ်ဝန်းမှ သီးနှံမျိုးစေ့များ၊ မွေးမြူရေးဓာတ်ခွဲခန်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။