အဓိကအကြောင်းအရာသို့ သွားမည်
x

(၅၁) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

(၅၁) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူတစ်ဦးချင်းစီ၏ ကုန်ထုတ်စွမ်းအားနှင့် တစ်ဧကချင်းစီ၏ သီးနှံထုတ်လုပ်မှု တိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ၊ ဝန်ထမ်းများပါဝင်သည့် နှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ၊ သုတေသီများက “စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်နှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးကြကာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။