ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အာဆီယံ - ဟဲနန် စားရေရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိကျင်းပမည့် အာဆီယံ-ဟဲနန် စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ (ASEAN-Henan Cooperation Conference on Food and Agriculture) သို့ တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြာင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်